ဆံပင်သန်လာအောင် ဆန်ဆေးရည်ကို သုံးပေးနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ပါးလို့၊ ဆံပင်သန်ချင်လို့ဆိုတဲ့သူတွေအတွက် ဆန်ဆေးရည်ကို ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့ နည်းလမ်းနဲ့ တခြားရရှိလာမယ့် ကောင်းကျိုးတွေကို ပြောပြပေးလိုက်ပါတယ်။

ဆန်မှာက carbohydrates တွေ အပြည့်ရှိတာကြောင့် ဆံပင်အတွက် အရမ်းကောင်းပါတယ်။

ဆန်မှာပါဝင်တဲ့ inositol က ပျက်စီးနေတဲ့ဆံသားကို ပြန်လည်ပြုပြင်ပေးပြီး ဆံပင်သန်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

ဆန်ဆေးရည်မှာက vitamin B နဲ့ vitamin E ပါဝင်တာကြောင့် ဆံသားကို အာဟာရဖြည့်ပေးပြီး အသားအရေအတွက်ဆိုလည်း အရမ်းကောင်းပါတယ်။

ဒါ့အပြင် ဦးရေပြားရောင်ရမ်းမှုကို လျှော့ချပေးပြီး ဗောက်ထတာလည်း သက်သာစေတယ်၊ ဆံသားလည်း ပျော့ပျောင်းစေပါတယ်။

ဆန်ဆေးရည်မှာက inositol, amino acids, nutrients, minerals, antioxidants, protection စတာတွေပါဝင်လို့ ဆံပင်သန်စွမ်းမှုအတွက် အရမ်းကောင်းပါတယ်။ ဆံသားကျိုးပြတ်တာ၊ နှစ်ခွဖြစ်တာတွေလည်း သက်သာစေပါတယ်။

လုပ်ပုံလုပ်နည်းကတော့ ဆန်တစ်ခွက်ကို ရေနှစ်ခွက်ထည့်ပြီးဆေးပါ။ ပြီးရင် ရေကိုခွက်ထဲသွန်ထည့်ပြီး မိနစ် ၃၀ ထားပါ။ ဆန်ကို ဆေးပြီး ရေနှစ်ခွက်စာရအောင် ခံထားပါ။ အချိန်ပြည့်ရင်တော့ အဲ့ဒီဆန်ဆေးရည်နဲ့ ဦးရေပြားနဲ့ ဆံပင်ကိုနှံ့အောင် သေချာလောင်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ၁၀ မိနစ်၊ ၁၅ မိနစ်ထားတော့မှ ရေဆေးနဲ့ ခေါင်းလောင်းချပါ။

ဆန်းဆေးရည်တစ်မျိုးထဲသုံးတာလည်း ဆံပင်သန်စေတယ်ဆိုပေမယ့် ပိုပြီး အကျိုးသက်ရောက်မှု ပိုကောင်းအောင် တခြားပါဝင်ပစ္စည်းတွေ ထည့်ပြီးလည်း သုံးနိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ တခြားပါဝင်ပစ္စည်းတွေကတော့

Amla

Amla က vitamin C ကြွယ်ဝတာကြောင့် ဆံသားကို အာဟာရဖြစ်စေပြီး ဆံပင်သန်စေဖို့ များစွာအထောက်အကူ ပြုပါတယ်။ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ပဲနံ့သာစေ့

သူလည်း ဆံသားသန်စွမ်းကျန်းမာစေဖို့ များစွာအထောက်အကူ ဖြစ်စေပါတယ်။ ဆံပင်ကျွတ်တာလည်း သက်သာစေပါတယ်။

Rosemary oil

Rosemary oil ကတော့ ဦးရေပြားအတွင်း သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဆံပင်သန်အောင် လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် ဆံပင်ပေါက်ဖို့အတွက် Rosemary oil ကို သုံးလေ့ရှိကြတာပေါ့။