ရေလှိုင်းပုံတက်တူးတွေ ဟာ အစဉ်မပြတ်ပြောင်းလဲနေသော စိတ်ခံစားချက်များကို ရည်ညွှန်းပါတယ်။ ရေလှိုင်းလုံးတွေက တစ်နေရာတည်းမှာ ဘယ်တော့မှ ငြိမ်မနေပါဘူး။ လှိုင်းငြိမ်နေတဲ့အချိန်မှာတောင် အနည်းငယ်တော့ လှုပ်ရှားတတ်ပါတယ်။

ဒီလိုရေလှိုင်းပုံတက်တူးမျိုးကို ပင်လယ်ချစ်သူများ၊ ရေလွှာလျှောစီးအားကစားကို နှစ်သက်သူအများစု ထိုးလေ့ရှိကြပြီး ယခုနောက်မှာတော့ တော်တော်လေးခေတ်စားလာတာကြောင့် လူငယ်အများစု အထိုးများလာတဲ့ တက်တူးထဲမှာ တစ်ခုပါဝင်ပါတယ်။

ရေလှိုင်းလုံးနဲ့ တွဲဖက်ရေးဆွဲတဲ့ တက်တူးအမျိုးအစားပေါ် မူတည်ပြီးလည်း သူ့တက်တူးရဲ့အဓိပ္ပာယ်က အနည်းငယ်ကွဲပြားသွားနိုင်ပါတယ်။

Image Source: Pinterest