အခုလိုမိုးတွင်းမှာ မိုးရေကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် ပိတ်ရက်တွေမှာ ကမ်းခြေအပန်းဖြေခရီး သွားတဲ့အခါမျိုးတွေမှာ ကိုယ်သုံးတဲ့ Mascara က တကယ်ရေစိုခံဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ အလှမပြတ်မှာပါ။ ဒါကြောင့် ရေပန်းအစားဆုံးနဲ့ သုံးဖူးသူတိုင်းရဲ့ ထောက်ခံချက်အပြည့်အဝရထားတဲ့ ရေစိုခံ Mascara များကို ဝေမျှလိုက်ပါတယ်။

L’Oréal Paris Voluminous Original Mascara

အနက်ရောင်နဲ့ ရွှေရောင် Tube နဲ့ ဒီ Mascara က မျက်တောင်တွေကို ငါးဆပိုပြီးထူစေပါတယ်။ ဒါ့အပြင် သုံးဖူးသူတွေရဲ့ပြောချက်အရ ရေစိုခံပြီး မျက်တောင်တွေကို တစ်နေကုန်ရှည်ပြီး ကော့ညွတ်စေပါတယ်။

Maybelline Lash Sensational Waterproof Sky High Mascara

ဒီ ရေစိုခံ Mascara က မျက်တောင်ကို နဂိုထက် ရှည်ပြီးထူစေတဲ့အပြင် သူရဲ့ ကွေးညွှတ်တဲ့ Flex Tower brush က မျက်တောင်တိုင်းကို အရင်းကနေအဖျားအထိ လွယ်လွယ်ကူကူကော့စေပါတယ်။ ဒါ့အပြင် ဒီ Mascara က ထိခိုက်လွယ်တဲ့ မျက်လုံးပိုင်ရှင်တွေနဲ့ မျက်ကပ်မှန်တပ်သူများပါ စိတ်ချလက်ချသုံးနိုင်ကြောင်း မျက်စိအထူးကုဆရာဝန်များက ထောက်ခံထားပါတယ်။

Covergirl Professional All-In-One Waterproof Mascara

ထိခိုက်လွယ်တဲ့ မျက်လုံးပိုင်ရှင်တွေနဲ့ မျက်ကပ်မှန်တပ်သူများပါ စိတ်ချလက်ချ အသုံးပြုလို့ရတဲ့ Covergirl ရဲ့ All-In-One Waterproof Mascara က မျက်တောင်ကို သဘာဝအတိုင်း စွဲမက်ဖွယ်ကောင်းစေတဲ့အပြင် သူ့ရဲ့ hypoallergenic ဖော်မြူလာက မျက်တောင်တွေကို တချောင်းချင်းစီကော့ညွတ်စေပါတယ်။

Benefit Cosmetics BADgal BANG! Volumizing Waterproof Mascara

မျက်တောင်တွေကိုထူစေပြီး ရေစိုခံတဲ့ ဒီ Mascara က 36 နာရီကြာတဲ့အထိ ကော့ညွတ်နေတဲ့မျက်တောင်တွေကို ထိန်းထားပေးနိုင်တာမလို့ သုံးဖူးသူတိုင်းက 10/10 လို့ ထောက်ခံကြပါတယ်။

e.l.f. Cosmetics Big Mood Mega Volume & Lifting Waterproof Mascara

ရေစိုခံ၊ ညစ်ညမ်းမှုဒဏ်ခံနိုင်တဲ့ ဖော်မြူလာကိုမှ jojoba wax ပေါင်းစပ်ထားတာကြောင့် တစ်နေ့လုံး ကြာရှည်ခံတဲ့ ဒီ Mascara က တစ်ချက် ပွတ်ဆွဲလိုက်ရုံနဲ့ မျက်တောင်ကို သိသိသာသာကော့စေပြီး ထူစေပါတယ်။

Lancôme Monsieur Big Waterproof Mascara

နူးညံ့ပြီး လှိုင်းပုံစံ fibres မျှင်လေးတွေနဲ့ ထုတ်ထားတဲ့ Lancôme Mascara က ချွေးဒဏ်ခံနိုင်တဲ့ ဖော်မြူလာကြောင့် 24 နာရီအထိ ကော့ညွတ်ပြီး ထူထဲတဲ့မျက်တောင်ကို ရစေတဲ့အပြင် မျက်တောင်တုထပ်ထားသလို လှလွန်းတဲ့မျက်တောင်ကို ပိုင်ဆိုင်နိုင်စေပါတယ်။