မင်္ဂလာပါနော်။ Watercolor လို့ခေါ်တဲ့ ရေဆေးပန်းချီကားလေးလို အရောင်စိုစို တက်တူးဒီဇိုင်းလေးတွေ ထိုးချင်သူတို့အတွက် ဒီဇီုင်းဆန်းပြီး အရမ်းလှတဲ့ အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အရောင်ပါတဲ့တက်တူးလေးတွေဖြစ်တာမို့ ခဏလေးနဲ့ အရောင်မမှိန်အောင် ထိုးပြီးတဲ့နောက် နေပူပူနဲ့တိုက်ရိုက်ထိတွေ့တာကိုတော့ ရှောင်ပေးဖို့မမေ့ပါနဲ့နော်။ ထိုးထားတဲ့နေရာတစ်ဝိုက်ကို Sunscreen လးလိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်။

ဒီတော့ တက်တူးကြိုက်သူတို့ နမူနာယူနိုင်မယ့် စိတ်ကူးယှဉ်ဆန်တဲ့ ရေဆေးပုံစံ တက်တူးဒီဇိုင်းဆန်းလေးတွေကို ကြည့်လိုက်ရအောင်-

ထူးခြားတဲ့ ပန်းတံဆိပ်ခေါင်းပုံလေး


ပျော်ရွှင်မှုနဲ့ နွေးထွေးမှုကို ကိုယ်စားပြုပေးမယ့် နေကြာပန်းပုံလေး


တက်တူးအသေးလေးတွေကြိုက်သူတို့အတွက် ဒီဇိုင်းဆန်းလေး


အရောင်စိုတဲ့ လိပ်ပြာပုံလေးတွေ


ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ သတိပေးသလိုဖြစ်စေမယ့် BTS အဖွဲ့ရဲ့ နာမည်ကြီး “Love Yourself” Album ထဲက ဒီဇိုင်းလေး


မြင်လိုက်တိုင်း စိတ်လန်းဆန်းစေမယ့် အရောင်စိုစို ရေလှိုင်းပုံလေး


ချစ်စရာကောင်းတဲ့ မက်မွန်သီး တက်တူးလေး


ဂြိုလ်နဲ့ ကြယ်တာရာပုံစံလေးတွေ


မိန်းကလေးတွေနဲ့လိုက်ဖက်စေမယ့် ဂန္ဒဝင်ဆန်တဲ့ ပန်းခက်ပုံစံလေး


ခရမ်းရောင်လေးနဲ့ အရမ်းလှတဲ့ Lavender ပန်းပုံလေး


အဝေးကကြည့်လည်း အရောင်လေးလက်နေမယ့် ကျောက်ပုံစံလေး


နေဝင်ချိန်ပုံစံ ပန်းချီကားချပ်လေး

Photo Source: preview.ph, Pinterest