အလုပ်များတဲ့လူအများစုကတော့ အချိန်မလောက်နိုင်ကြပါဘူး။ ဒါပေမဲ့ အလုပ်ပြီး အလုပ်ပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင်တော့ သင့်အတွက် ရေရှည်မှာ မကောင်းပါဘူး။ အနားယူချိန်၊ အားလပ်ချက်လည်း ထားပေးရပါမယ်။ ဘာကြောင့် ကိုယ်လုပ်ချင်တာလုပ်ပြီး အချိန်ဖြုန်းခြင်းကို သင့်ဘဝမှာ လိုအပ်တာလဲ ကြည့်လိုက်ရအောင်နော်-

၁။ သင့်စိတ်ကို လန်းဆန်းစေတယ်

အားလပ်ချိန်ထားရှိခြင်းက ပျော်ဖို့ကောင်းတာကို သင်သိပြီးဖြစ်မှာပါ။ တစ်နေ့တာမှာ ဘာအလုပ်ပြီးရင် ဘာလုပ်ရမလဲ မတွေးသေးဘဲ တီဗီခဏကြည့်ပေးတာ ဒါမှမဟုတ် စာအုပ်ဖတ်ပေးတာက သင့်စိတ်ကို လန်းဆန်းစေမှာပါ။

၂။ သင့်ကို ခွန်အားတွေပေးတယ်

အားလပ်ချိန်ကို ကုန်ဆုံးဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ သဘာဝတရားထဲမှာ နေထိုင်တာပါ။ ဒီလိုနားပြီးနောက် ပိုနေလို့ ကောင်းသွား တာကို သင်သတိထားမိမှာပါ။ လေ့လာမှုတွေအရ အလုပ်ဘယ်လိုမြန်မြန်ပြီးမလဲ တွေးမနေဘဲ သဘာဝတရားထဲ နေထိုင်ပြီး အချိန်ကုန်ဆုံးတာက သင့်ကို ပိုပျော်ရွှင်စေတယ်လို့ ဆိုထားပါတယ်။

၃။ ဘာလုပ်ရမလဲ မသိတော့တဲ့ စိတ်ကို ကာကွယ်ပေးတယ်

ဒါက ဦးနှောက် ဉာဏကို အဓိက အားကိုးပြီး အလုပ်လုပ်ရသူတွေမှာ ဖြစ်တတ်ပါတယ်။ English လိုရင် Burnout လို့ခေါ်ပါတယ်။ ဘာလုပ်ရမလဲ ဘယ်လိုစလုပ်ရမလဲ မသိတော့တာပါ။ Burnout ဖြစ်တဲ့အချိန် အနားယူလိုက်တာ၊ ကိုယ်လုပ်ချင်တာ လုပ်ပစ်လိုက်တာက အကောင်းဆုံးပါပဲ။

၄။ သင့်ဦးနှောက်ကို အနားပေးရာရောက်တယ်

သင့်ဦးနှောက်က အနားပေးဖို့လိုအပ်ပါတယ်။ ဒီလိုအနားပေးတဲ့အချိန်မှာ ကျွန်မတို့လက်ရှိဘာတွေလုပ်နေလဲ၊ လုပ်ရပ်တွေ မှန်ကန်ရဲ့လား ပြန်လည်တွေးတောနိုင်ပါတယ်။

၅။ သင့်ပန်းတိုင်ကို ပြန်သတိရစေတယ်

အလုပ်တစ်ခုပြီး တစ်ခု ဇယ်ဆက်သလို လုပ်နေတဲ့အခါ ဘဝမှာ ဘာလိုချင်တာလဲ တွေးဖို့ အချိန်မရတော့ပါဘူး။ ဒါပေမဲ့ အနားယူလိုက်တဲ့အချိန်မှာတော့ သင့်ကို အလုပ်လုပ်ချင်စိတ်ဖြစ်အောင် ပြန်နှိုးဆော်ရာရောက်ပြီး ဘဝရည်မှန်းချက်တွေကို ပိုတွေးမိစေအောင် ကူညီပေးပါတယ်။

သင်က ဘယ်အရာတွေ လုပ်နေရရင် ပျော်လဲ ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar