ကျန်းမာရေးဗဟုသုတတွေအရ မနက်ခင်းနိုးလာတဲ့အခါ ရေတစ်ခွက်ကိုသောက်ရတယ်ဆိုတဲ့ အလေ့အကျင့်လေးကတော့ လူတိုင်းသိထားပြီးသားဖြစ်ပါတယ်။ သောက်လိုက်တဲ့ရေကလည်း ရေအေးကိုပဲသောက်လေ့သောက်ထရှိပါတယ်။ ဒီနေရာမှာမျှ၀ေချင်တာက ရေအေးမဟုတ်ပဲ ရေနွေးကိုသောက်ဖို့ အကြံပေးချင်ပါတယ်။ ရေနွေးကိုရောဘာကြောင့် သောက်သင့်တာလဲ ရေနွေးသောက်ခြင်းကရော ဘာတွေများ အကျိုးထူးသွားနိုင်လဲဆိုတာ ပြောပြပေးမယ်နော်။

အဆိပ်အတောက်များဖယ်ထုတ်နိုင်ခြင်း

Photo Source-warm.com

ရေနွေးတစ်ခွက်က အဆိပ်အတောက်များကို ဖယ်ထုတ်ပေးခြင်းဖြင့် အစားမစားမှီအစာခြေစနစ်ကိုကူညီပေးနိုင်တဲ့အတွက် အူလမ်းကြောင်းအတွက်လည်းကောင်းမွန်စေပါတယ်။

၀မ်းချုပ်ခြင်းက သက်သာခြင်း

Photo Source-felidiet.com

ရေနွေးက နာတာရှည်၀မ်းချုပ်ခြင်းကိုကုသပေးနိုင်ပါတယ်။ဒါ့အပြင် နံနက်ခင်းမှာ သောက်ပေးခြင်းက အူသိမ်အူမလှုပ်ရှားမှုကိုတိုးတက်စေတဲ့အတွက် အလေ့အကျင့်တစ်ခုအနေနဲ့ ပြုလုပ်သင့်ပါတယ်။

နာကျင်မှုသက်သာခြင်း

Photo Source- Free Image

အစာအိမ်ရဲ့နာကျင်မှုကို သက်သာစေပြီး ခေါင်းကိုက်ခြင်းမှလည်းသက်သာစေနိုင်ပါတယ်။ထို့အပြင်ရေနွေးသည် သွေးလည်ပတ်အားကောင်းမွန်စေတဲ့အတွက် အရေပြားကိုလည်း ကြည်လင်တောက်ပစေနိုင်တဲ့အကျိုးကျေးဇူးတွေရနိုင်ပါတယ်။