မင်္ဂလာပါနော်။ လူတိုင်း ငယ်ရွယ်နုပျိုချင်ကြပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ရှိရင်းရှိ အသက်ထက် ပိုပြီးနုပျိုအောင်တော့ နည်းလမ်းလေးတချို့က အထောက်အကူပြုပေးနိုင်ပါတယ်။

ဆံပင်အရောင်

ဆံပင်အရောင်ကို အနက်ရောင်အစား၊ ဆံပင်အရောင်ဆိုးပေးပါ။ အဓိကအားဖြင့် အရောင်အရမ်းရင့်တာကိုရှောင်ပါ။ သဘာဝဆန်တဲ့ အညိုရောင် လိုမျိုးလေး ဆိုးပေးသင့်ပါတယ်။

Concealer

သင့်ရဲ့ အပြစ်အနာဆာတွေကို Concealer လေးနဲ့ ဖုံးပေးနိုင်ပါတယ်။ Concealer ကိုလိမ်းပေးပြီး သေချာလေး Blend လုပ်ပေးလိုက်ပါ။

သင်နဲ့ သင့်တော်ပြီး ကွက်တိဖြစ်တဲ့ ဂျင်းဘောင်းဘီတွေကိုဝတ်ဆင်ပါ

သင်နဲ့ အရမ်းကြပ်တဲ့ ဂျင်းဘောင်းဘီကို ရှောင်ပါ။ သင်နဲ့ ကွက်တိဖြစ်တာကို ရွေးပေးပါ။

ဘရာရွေးချယ်မှုမှန်ကန်ပါစေ

သင့်ကို သက်သောင့်သက်သာဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘရာကို ရွေးချယ်ပါ။ ရင်သားကို ပင့်တင်ပေးတာမျိုးရွေးဝတ်ပါ။

မိတ်ကပ်

ငယ်ရွယ်နုပျိုတယ်လို့ထင်ရစေအောင် လိုက်နာပေးသင့်တဲ့ အချက်လေးတွေ

မိတ်ကပ်ကို တတ်နိုင်သမျှ ပါးပါးလေးနဲ့ သဘာဝကျကျလေး လိမ်းပေးသင့်ပါတယ်။ ပါးနီကိုလည်း ခပ်ပါးပါးလေးပဲ လိမ်းပေးပါ။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီအရောင်ကိုလည်း အရောင်ဖျော့ဖျော့လေးနဲ့ အရောင်လက်တာ၊ အရောင်လင်းတာမျိုး ရွေးချယ်ပါ။

ပေါင်ဒါသုံးပါ

မိတ်ကပ်လိမ်းရာမှာ ပေါင်ဒါကို သုံးပေးပါ။ ပေါင်ဒါသုံးရာမှာ Brush လေးနဲ့ သေချာလေး လိမ်းပေးပါ။