ဘယ်လောက်ပဲ အသက်တွေရလာပါစေ။ လူတိုင်း လှချင်ကြပါတယ်။ နုပျိုနေသူတစ်ယောက်အတွက်တော့ အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ။ အသက် ၃၀ ဆိုတာ တည်ငြိမ်ရင့်ကျက်တဲ့ အရွယ်အပိုင်းတခြားတစ်ခုဖြစ်သလို အလှပဆုံး အချိန်တစ်ခုဆိုလည်း မမှားပါဘူး။

အသက် ၃၀ ဝန်းကျင်မှာ သင့်ကို ပိုပိုပြီးလှနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ရေဓာတ်ဖြည့်တင်းပါ။ ရေကို သတိတရသောက်ပေးပါ။ အနည်းဆုံး တစ်နေ့ ၈ ခွက်သောက်ပေးသင့်ပါတယ်။

၂။ လေ့ကျင့်ခန်းလုပ်ပါ။ အရမ်းပြင်းပြင်းထန်ထန်မဟုတ်ဘဲ ပုံမှန်လေးလုပ်သွားပေးပါ။ တစ်နေ့ နာရီဝက် တစ်နာရီလောက် အချိန်ပေးသင့်ပါတယ်။

၃။ အရက် ဘီယာ သောက်သုံးမှုကိုရှာင်ကျဉ်ပါ။

၄။ ဈေးပေါပြီး အရည်အသွေးမကောင်းတဲ့ အလှကုန်ပစ္စည်းတွေကို မသုံးပါနဲ့တော့။ သင့်အသားအရေကို ပိုပြီးဂရုစိုက်တဲ့အနေနဲ့ အရည်အသွေးရှိတဲ့ အလှကုန်ပစ္စည်းတွေကိုသာ သုံးသင့်ပါတယ်။

၅။ အကြာကြီးမထိုင်ပါနဲ့။မကြာခဏဆိုသလို အကြော့ဆန့်တာ၊ ထပြီးလမ်းလျှောက်တာမျိုးလုပ်ပေးနိုင်ပါတယ်။

၆။ တစ်နေ့ကို ၇ နာရီလောက် အိပ်ပေးပါ။ အိပ်ရေးမပျက်ပါစေနဲ့။

၇။ သင့်ရဲ့ စိတ်ကျန်းမာရေးကိုလည်းဂရုစိုက်ပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။

၈။ သရေစာတွေ အများကြီးမစားပါနဲ့။ အဆီအစိမ့်တွေကိုရှောင်ပေးပါ။

၉။ သင့်ကိုယ်သင်ချစ်ပါ။ အသက်အရွယ်အရ သဘာဝအတိုင်း အိုမင်းလာတာဟာလည်း အလှတရားတစ်ခုပါပဲ။ သင့်ရဲ့ အရှိအတိုင်းကိုလက်ခံပါ။

Source: www.blushybabe.com