ငယ်ငယ်တုန်းက ခြောထောက်ကို ဂရုမစိုက်ဘဲ ပေပေတေတေနေခဲ့သမျှ ကြီးလာမှ အမာရွတ်နဲ့အမဲစက်တွေကြောင့် စကတ်တို ဘောင်းဘီတိုလေးတွေဝတ်ရမှာ ယုံကြည်မှုပျောက်နေလား ? ဒါဆို မလိုချင်တဲ့ ခြေထောက်က အမာရွတ်နဲ့ အမည်းစက်တွေကို လွယ်လွယ်ဖယ်ရှားနိုင်ဖို့ အခုပြောပြမယ့်နည်းတွေကို စမ်းကြည့်ပါ။

Apple Cider Vinegar

ပန်းသီးရှာလကာရည် ၂ ဇွန်းကို ရေ ၆ ဇွန်းနဲ့ ရောလိုက်ပါ။ ဂွမ်းစလေးတစ်ခုကိုသုံးပြီး ခြေထောက်ပေါ်က အစက်အပြောက်နဲ့ အမာရွတ်အားလုံးကို လိမ်းပေးပါ။ ပြီးရင် အစိုဓာတ်ရဖို့ Moisturizer လိမ်းပေးပါ။

Sugar Scrub

သကြား 2 ဇွန်း နဲ့ သံလွင်ဆီ 4 ဇွန်းကို ရောမွှေပြီး ခြေထောက်တွေကို စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးမှ ရေနဲ့ဆေးချပါ။ ပုံမှန်လုပ်ပေးရင် အမာရွတ်နဲ့ အမဲစက်တွေ သိသိသာသာလျော့လာတာ တွေ့ရမှာပါ။

Horseradish

ပန်းကန်လုံးတစ်လုံးထဲမှာ မြင်းမုန်လာဥတစ်လုံးကိုခြစ်ပြီးရင် ပန်းသီးရှာလကာရည် ¼ ခွက်ထည့်ပြီး အိုးထဲမှာ နှစ်ပတ်လောက် စိမ်ထားပါ။ အိုးကို မကြာကြာလှုပ်ပေးပါ။ နှစ်ပတ်ကျော်သွားရင် စစ်ထုတ်ထားတဲ့အရည်တွေကို ရေခဲသေတ္တာထဲမှာ ထားပြီး နေ့တိုင်းလိမ်းပေးပါ။

သံပုရာရည်

လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပုရာရည်ကို ဂွမ်းလုံး ဒါမှမဟုတ် နားကြပ်တံနဲ့ နေ့တိုင်းလိမ်းပေးရင်လည်း အမာရွတ်နဲ့ အမဲစက်တွေကို သိသိသာသာလျော့စေပါတယ်။

သခွားသီး

သခွားသီးကို အခွံခွာပြီး ခြစ်ပြီးရင် Rose Water နဲ့ ရောလို်က်ပါ။ ပြီးရင် အစက်အပြောက်နဲ့ အမာရွတ်အားလုံးကို လိမ်းပြီး ပုံမှန်ရေနဲ့ဆေးချပါ။