အလှအပကိုချစ်ပြီး တန်ဖိုးထားတဲ့သူတိုင်းက ငွေကုန်ကြေးကျတွေအများကြီးခံပြီး လှပအောင်ပြင်ဆင်ပြီးနေနေကြပါတယ်။ တကယ်တော့ ဒီလောက်လည်းမလိုပါဘူး။ အဓိကက အရေးကြီးတဲ့နေရာတွေမှာ ထိရောက်တဲ့နည်းလမ်းတွေကို မှန်ကန်စွာအသုံးချတတ်ဖို့ပဲလိုတာပါ။

အခုတစ်ခါမှာဆိုရင်လည်း အလှအပတွေကိုမြတ်နိုးတတ်တဲ့ ပျိုမေတို့အတွက် တကယ်ထိရောက်ပြီး အကျိုးရှိစေမယ့် Vitamin E Oil ရဲ့အသုံးဝင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေ့တိုင်းသုံးနေကျ Lotion ထဲကို VitaminE Oil ထည့်ပြီးတော့သုံးပေးမယ်ဆိုရင်လည်း အသားအရေကိုပိုပြီးတော့ ကြည်လင်လာစေပြီး နူးညံ့လာစေမယ်လို့ အာမခံနိုင်ပါတယ်။ 100 ml Lotion ဘူးထဲကို VitaminE နှစ်လုံးလောက်ဖောက်ထည့်ပြီး နေ့တိုင်းအသုံးပြုပေးလို့ရပါတယ်နော်။

ဆံသားတွေကို ကျန်းမာပြီးထူထပ်လာစေဖို့အတွက်လည်း VitaminE ကကူညီပေးနိုင်ပါတယ်နော်။ ဆံပင်ရှည်တယ်ဆိုရင်တော့ VitaminE ၂ လုံးလောက်ကိုဖောက်ပြီး ဆံသားနဲ့ဦးရေပြားပေါ်မှာ သေချာနှံအောင်လိမ်းပေးပြီး ညင်သာစွာနှိပ်နယ်ပေးတာမျိုးကို တစ်ပတ်မှာနှစ်ကြိမ်လောက် ခေါင်းလေ ျှာ်ခါနီးအချိန်တိုင်းမှာ လုပ်ပေးမယ်ဆိုရင် ၂ လလောက်ဆိုတာနဲ့ သိသာတဲ့ရလဒ်တွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

နှုတ်ခမ်းသားတွေခြောက်သွေ့ပြီး မဲညစ်နေမယ်ဆိုရင်လည်း VitaminE Oil လေးနဲ့တစ်နေ့ကိုနှစ်ကြိမ် နှုတ်ခမ်းမှာလိမ်းပေးမယ်ဆိုရင် သိသိသာသာပဲ နှုတ်ခမ်းတွေကိုပြန်လည်နူးညံ့ပြီး ပန်းရောင်နှုတ်ခမ်းလေးကို ပြန်လည်ပိုင်ဆိုင်ရမှာပါ။

မျက်နှာအသားအရေကို နူးညံ့စေဖို့ပြင်ဆင်ပေးချင်တယ်ဆိုရင်တော့ ညဘက်မှာအသားအရေကို ထိန်းသိမ်းတဲ့အနေနဲ့ VitaminE Oil ကိုမျက်နှာအသားအရေပေါ်မှာ ညင်သာစွာလိမ်းပေးပြီး နာရီဝက်လောက်ထားထားပေးလိုက်ပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့မျက်နှာပြန်သစ်ပေးပြီး Moisturizer ကိုလိမ်းပြီး အိပ်လိုက်ရုံပါပဲ။

ခြောက်သွေ့ပြီးတော့ ကြမ်းတမ်းနေတဲ့ဆံသားတွေကို ပိုင်ဆိုင်ထားရတယ်ဆိုရင်လည်း VitaminE Oil နဲ့ဖြေရှင်းလို့ရတယ်နော်။ နည်းလမ်းကတော့ အသုံးပြုနေကျ ခေါင်းလေ ျှာ်ရည်ထဲကို VitaminE Oil ထည့်ပြီးတော့အသုံးပြုပေးမယ်ဆိုရင် ဆံသားမှအစိုဓာတ်ပြန်လည်ရရှိပြီး နူးညံ့လာမှာပဲဖြစ်ပါတယ်။

Photo Source: Pinterest