Makeup ပြင်တဲ့အခါမှာ အရမ်း Heavy ဖြစ်တဲ့ Look တွေထက် ရိုးရှင်းပြီးလှတာမျိုးလေးက ပိုအကြည့်ခံပါတယ်။ ပြင်ရတာလည်း လွယ်ကူပြီး အချိန်ကုန်သက်သာပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ ရှင်းရှင်းလေးနဲ့လှတဲ့ Vintage Orange Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

Makeup လိမ်းတဲ့အခါမှာ အောက်ခံ Skin ကောင်းလေး Makeup လိမ်းရတာ လှလေပါပဲ။ ဒါကြောင့် Skincare အရင်လိမ်းပေးပါ။ ပြီးရင်တော့ ကိုယ်လိမ်းမယ့် Foundation ကို လိမ်းလို့ရပါပြီ။

မျက်ကွင်းညိုတာနဲ့ ဝက်ခြံ အမဲစက်တွေကို Concealer နဲ့ ဖုံးပါမယ်။

Eyeshadow ကို လိမ္မော်ရောင်အရင့်လေး သုံးပြီးတော့ မျက်ခွံကို ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

Pencil Eyeliner နဲ့ Eyeliner ပါးပါးလေးဆွဲပါမယ်။ အနောက်မှာ Wings လေးထွက်အောင် ဆွဲပေးပါ။ ပြီးရင်တော့ Mascara နဲ့ မျက်တောင်ကော့ပါမယ်။ Natural ဆန်တာမျိုးလေး ဖြစ်ချင်တဲ့အတွက် Mascara ကို အထူကြီးဖြစ်အောင် မလုပ်ပါဘူး။

Powder ကို Brush နဲ့ယူပြီး နည်းနည်းချင်းစီ သေချာလိမ်းပေးပါ။ ဒါမှ ဖုံပြီး ထူနေတာမျိုး မဖြစ်မှာပါ။

နှာတံပေါ်သွားအောင် အညိုရောင် Palette နဲ့ ပါးပါးမှိန်မှိန်လေးပဲ ဖော်ပါမယ်။

လိမ္မော်ရောင် ပါးနီလေးကို ခြယ်ပါမယ်။ နှာခေါင်းနားလေးအထိ ရောက်အောင်ခြယ်ပေးပါ။

နှုတ်ခမ်းနီကို လိမ္မော်ဖောက်တဲ့ အရောင်အနုလေး ဆိုးပါမယ်။ ဒီမှာတော့ Lip Gloss လေးကို ဆိုးထားပါတယ်။

ရွှေညိုရောင် Highlighter လေးကိုသုံးပြီး နှာတံကို ခြယ်ပေးပါ။

ပြီးရင်တော့ နှုတ်ခမ်းအပေါ်နားလေးနဲ့ မျက်လုံးထောင့် အရှေ့နားလေးကို နည်းနည်းခြယ်ပေးပါ။ ဒါမှ Glow ပြီး ပိုလှသွားမှာပါ။

ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့ အရမ်းလှတဲ့ Vintage Orange Makeup Look လေးကို ရရှိသွားပါပြီ။