ဖက်ရှင်မှ တစ်ကျော့ပြန် ခေတ်စားတာမဟုတ်ပါဘူး။ မိတ်ကပ်လည်း အတူတူပါပဲ။ အရင်တုန်းက ခေတ်စားခဲ့တဲ့ မိတ်ကပ်ပုံစံတွေက အခုလူငယ်တွေကြားမှာ တစ်ခေတ်ပြန်ဖြစ်လာပါပြီ ။ ဒါကြောင့် သင်လည်း မိတ်ကပ်လိမ်းရတာကြိုက်တယ်ဆိုရင် အခုပြောပြမယ့် ခေတ်မီဆုံး Vintage Makeup Look တွေကို အနည်းဆုံး တစ်ကြိမ်လောက် စမ်းကြည့်ပါ။
အရင်ကခေတ်စားခဲ့တဲ့ မျက်နှာကသဘာဝအတိုင်း နီနေသလိုမျိုး Look ရအောင် Blush Contouring ကို သုံးပြီးလိမ်းကြည့်ပါ။
နှုတ်ခမ်းကိုပိုကြီးပြီး ပြည့်နေအောင် နှုတ်ခမ်းနီကို ထူနေအောင် ဆိုးတာကလည်း ဟောလီးဝုဒ်ကြယ်ပွင့်ဟောင်းတွေမှာ တွေ့ရတဲ့ Makeup Look ပါပဲ။
ဆယ်စုနှစ်တစ်ခုကြာအောင်ခေတ်စားခဲ့တဲ့ Look ကတော့ Eyeliner မပါပဲ Smokey Eye ခြယ်တာပါ။
လူတိုင်းစမ်းကြည့်လို့ရတဲ့ ခေတ်ဟောင်းမိတ်ကပ်ပုံစံကတော့ ဘယ်အသားအရေနဲ့မဆို လိုက်ဖက်တဲ့အရောင်တွေထဲကဖြစ်တဲ့ လိမ္မော်ရောင် အနီရောင် နှုတ်ခမ်းနီဆိုးတာပါ။
ခေတ်ဟောင်းမင်းသမီး Marilyn Monroe ရဲ့ အပြစ်အနာအဆာကင်းတဲ့ Matte Finish Makeup Base မျိုးရအောင် လိမ်းကြည့်ပါ။
မျက်လုံးတွေကို ပိုကြီးပြီး တောက်ပနေစေဖို့ အောက်မျက်ခမ်းအစပ်မှာ အဖြူရောင် Liner ကို သုံးတာကလည်း အရင်ခေတ်က မိန်းကလေးတွေကြားမှာ ခေတ်စားခဲ့ပါသေးတယ်။
50 နှစ်များခေတ်မှာတော့ သန္တာရောင်နှုတ်ခမ်းနီတွေကလည်း တစ်ခေတ်ဖြစ်ခဲ့ပါသေးတယ်။
အခုခေတ်မှာ လူကြိုက်များနေတဲ့ အလှအပကြိုက်သူတွေကြားမှာ အကြိုက်တွေ့နေတဲ့ ဘယ်ရီသီးအရောင် နှုတ်ခမ်းနီကလည်း ’40s ခုနှစ်များမှာ ခေတ်စားခဲ့တဲ့ အရောင်ပါပဲ။