ဘောလိဝုဒ် မင်းသားချော Vicky Kaushal ကို ပြောပြမယ်ဆိုရင်တော့ အမိုက်စားဘော်ဒီ ၊ ကြွက်သားအမိုက်စားတွေက မပါမဖြစ်ပါပဲ။ ချောမောလှတဲ့မျက်နှာအပြင် ပရိတ်သတ်တွေရဲ့ မျက်လုံးကိုဖမ်းစားနိုင်တဲ့ နောက်ထပ်အရာကတော့ မင်းသားရဲ့ ပြိုင်ဘက်ကင်းတဲ့ ကြံ့ခိုင်မှုပါပဲ။

ပရိတ်သတ်တွေက ပြီးပြည့်စုံတဲ့ သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် အံ့အားသင့်ခဲ့ကြပြီး သူ့ရဲ့ ကြံ့ခိုင်မှုအကြောင်းကို ပိုပြီးသိချင်လာခဲ့ကြတဲ့အခါ မင်းသားက သူ့ရဲ့ Workout Tips တချို့ကို ဝေမျှပေးခဲ့ပါတယ်။

၁။ ပင်ပန်းသော်လည်း ပုံမှန်လေ့ကျင့်ပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်တာက သူ့ခန္ဓာကိုယ်ပုံသဏ္ဍာန်နဲ့ ခန္ဓာကိုယ်ကို အချိန်အကြာကြီး ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။ အောင်မြင်မှုရရှိဖို့က အချိန်ကြာနိုင်ပေမယ့် ဖြည်းဖြည်းချင်း ကြိုးစားလုပ်ဖို့နဲ့ ပင်ပန်းပေမယ့် ပုံမှန်လေ့ကျင့်ဖို့လိုအပ်တယ်လို့ Vicky က ယုံကြည်ထားပါတယ်။

၂။ အသစ်တွေလေ့ကျင့်ပါ

လေ့ကျင့်ခန်းလုပ်တဲ့အခါ လုပ်နေကျလေ့ကျင့်ခန်းတွေကိုဘဲ ပုံသေလုပ်နေတာထက် လေ့ကျင့်ခန်းအသစ်တွေကို ထပ်ထည့်ဖို့ ကြိုးစားပါ။ အချိန်တိုင်း သင်ယူစရာအသစ်တွေရှိတာက နေ့တိုင်း စိတ်အားထက်သန်စေတာမလို့ ရေကူးတာ ၊ မြင်းစီးတာ စတဲ့ တခြားသော အပန်းဖြေလှုပ်ရှားမှုများကိုလည်း Vicky က လုပ်ဆောင်လေ့ရှိပါတယ်။

၃။ တစိုက်မတ်မတ် စိတ်အားထက်သန်စွာလုပ်ပါ

Vicky ရဲ့ နောက်ထပ်စည်းမျဉ်းတစ်ခုက ကြိုးစားအားထုတ်မှုနဲ့ ကိုက်ညီဖို့ပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ တစိုက်မတ်မတ် စိတ်အားထက်သန်စွာနဲ့ ဆင်ခြေမပေးဘဲ မပျက်ကွက်အောင် ကြိုးစားဖို့ပါ။

၄. နေ့တစ်နေ့ကို မနက်စာဖြင့် မြှင့်တင်ပါ

ပန်ချာပီတစ်ယောက်ဖြစ်တဲ့ Vicky က foodie တစ်ယောက်ဖြစ်ပြီး အိမ်လုပ် အိန္ဒိယအစားအစာကို ပိုနှစ်သက်တဲ့သူပါ။သူ့ ကြက်ဥ၊ အုတ်ဂျုံ၊ သစ်သီးများပါတဲ့မနက်စာကတော့ Vicky ရဲ့နေ့တစ်နေ့တာကို မြှင့်တင်ပေးတဲ့ မနက်စာပါ။