မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. ဘဝတိုးတက်ဖို့အတွက် နေ့စဥ်နေ့တိုင်း ဘဝတိုးတက်ဖို့အတွက် ကြိုးစားနေကြရတဲ့ ဒီခေတ်ကြီးမှာ အရေးမကြီးဘူးထင်ရပေမယ့် အမှတ်မထင်လုပ်မိတဲ့ အမူအကျင့်တွေကလည်း တကယ်တော့ ဘဝတိုးတက်မှုအတွက် အများကြီး အရေးကြီးပါတယ်နော်။

တစ်နေ့တာကို ပိုကောင်းလာစေဖို့အတွက် သေးငယ်တဲ့အရာတွေလည်း သတိပြုမိဖို့ လိုပါတယ်နော်။ ဒါကြောင့် ဘ၀ကို တိုးတက်ကောင်းမွန်စေဖို့ ရိုးရှင်းတဲ့ အလေ့အကျင့်ကောင်းတွေကို သတိထားလုပ်မိစေဖို့ ဝေမျှပေးလိုက်ပါတယ်နော်-

လိုအပ်တာထက် ရေများများသောက်ပါ။

အခွံမာသီး၊ သစ်ကြံပိုးခေါက်၊ အသီးအနှံတွေပါဝင်တဲ့ oatmeal အစစ်ကိုစားပေးပါ။

သက်တောင့်သက်သာရှိတဲ့ အတွင်းခံအဝတ်အစားနဲ့ အိပ်ယာခင်းတို့ကို အသုံးပြုပေးပါ။

လိုအပ်တဲ့လူတွေကို ထမင်းဟင်းများ လှူပေးပါ။

မသုံးဖြစ်တော့တဲ့မျက်မှန်ဟောင်းတွေ ကိုယ့်အတွက်အသုံးမဝင်တဲ့အရာတွေ အဝတ်တွေ လှူပေးပါ။

ဖုန်းမှာ ပင်လယ်လှိုင်းသံကို ဒေါင်းလုဒ်လုပ်ထားပါ။ အနားယူချင်တဲ့အခါ သီချင်းနားထောင်တာထက် လှိုင်းပုတ်သံလေးက တစ်ခါတစ်လေ ပိုကောင်းပါတယ်။

တစ်စုံတစ်ဦးကို စိတ်ဆိုးချင်တဲ့အခါ ၊ သာယာသောနေ့လေးဖြစ်ပါစေလို့သာ ပြောလိုက်ပါ။

hello, good-bye စတာတွေကို တခြားဘာသာစကားနဲ့နှုတ်ဆက်တတ်အောင် လေ့လာပါ။

မသုံးဖြစ်တာကြာတဲ့ အီလက်ထရွန်းနစ် အဟောင်းတချို့ကို ပြန်လည်အသုံးပြုပါ။

ရေအေးနဲ့ ရေချိုးပါ။