ကျောင်းသူလေးတွေအများစုက ကျောင်းသွားရင် မနက်စောစောသွားရတာဆိုတော့ အလှပြင်နေဖို့ Full Makeup ပြင်ဖို့ အချိန်မပေးနိုင်ကြပါဘူး။ ဘာမှမပြင်ပဲသွားရင်လည်း အဆင်မပြေပြန်ဘူး။ ဒါကြောင့် ကျောင်းသူလေးတွေအတွက် ရိုးရှင်းလွယ်ကူပြီး အချိန်တိုအတွင်းမှာ မြန်မြန်လုပ်လို့ရမယ့် မိတ်ကပ်ပြင်ဆင်ပုံ အဆင့်ဆင့်ကို မျှဝေပေးလိုက်ပါတယ်။

မျက်နှာသစ်ပြီးတာနဲ့ Toner လိမ်းပေးပါ။ Toner လိမ်းပြီးရင် Primer Spray ကိုဖြန်းပေးပါ။ ပြီးတာနဲ့ Serum လိမ်းပေးပါ။ Serum လိမ်းပြီးရင်တော့ Cream ကိုလိမ်းပေးပါ။ ဒီ Skincare Step တွေကိုလိမ်းထားမယ်ဆိုရင် မျက်နှာအသားအရေလည်း ပိုကောင်းစေပါတယ်။ မိတ်ကပ်တောင်လိမ်းစရာမလိုတော့ပါဘူး။

Skincare Step တွေလိမ်းပြီးတာနဲ့ Sunscreen ကိုလိမ်းပေးပါ။ Sunscreen လိမ်းလိုက်တာနဲ့ မျက်နှာလေးက ဖြူသွားတာကို တွေ့ရမှာပါ။ ပြီးရင်တော့ ပါးနီကို ပန်းရောင်နုနု Cream Type လေးသုံးပေးပါ။ Cream Type တွေက ပိုပြီးတော့သဘာဝဆန်ဆန်လေးနဲ့ လှစေပါတယ်။

မျက်ကွင်းညိုတာတွေနဲ့ ဝက်ခြံ၊ အမဲစက်တွေကိုဖုံးဖို့ Concealer ကိုသုံးပေးပါ။ Concealer သုံးပြီးတာနဲ့ ပါးရိုး၊ နှာတံနဲ့ မေးစိနေရာတွေမှာ Highlighter သုံးပေးပါ။ မသုံးချင်လည်း ဒီအဆင့်ကို ကျော်သွားလို့ရပါတယ်။

အားလုံးပြီးပြီဆိုရင်တော့ မျက်ခုံးမွှေးဆွဲပေးပါ။ မျက်ခုံးမွှေးဆွဲပြီးတာနဲ့ Loose Powder ကိုသုံးပေးပါ။ အများကြီးမသုံးပဲ နည်းနည်းလေးပဲသုံးပေးပါ။ မိတ်ကပ်လိမ်းစရာတောင်မလိုပါဘူးနော်။ ပြီးရင်တော့ Mascara သုံးပေးပါ။

နောက်ဆုံးအဆင့်မှာတော့ နှုတ်ခမ်းနီဆိုးပေးပါ။ နှုတ်ခမ်းနီကိုတော့ Lip Tint အနီရောင်လေးတွေ ဆိုးပေးတာက ပိုပြီးသဘာဝဆန်ဆန်နဲ့ ချစ်စရာကောင်းစေပါတယ်။ ကျောင်းသူလေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။ ပြီးရင်တော့ Mist လေးဖြန်းပေးလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ ရိုးရှင်းပြီး သဘာဝဆန်ဆန်နဲ့ ချစ်စရာကောင်းတဲ့ မိတ်ကပ်ပြင်ဆင်ပုံလေးပြီးသွားပါပြီ။ မိတ်ကပ်လိမ်းစရာတောင်မလိုပါဘူးနော်။

Photo Source: www.deviennamakeup.com