ငွေဟာ အတော်များများကို ဖြစ်မြောက်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမယ့် တစ်ချို့အရာတွေဟာ ငွေနဲ့ လွှမ်းမိုး ခြယ်လှယ်လို့မရပါဘူး။

(၁) အချိန်

ငွေဟာ ပျောက်ဆုံးသွားတဲ့ အချိန်ကာလကို ပြန်ယူလို့ မရဘူးဆိုတာ ရိုးစင်းတဲ့ အမှန်တရားဖြစ်ပေမယ့် လူတော်တော်များများက မေ့ထားကြပါတယ်။ ငယ်ငယ်က ဘာသိဘာသာ ဖြတ်သန်းခဲ့တဲ့ ပျော်ရွှင်ဖွယ်နေ့ရက်တွေဟာ ချမ်းသာချိန်မှာ ပြန်ဝယ်လို့ မရတော့ပါဘူး။

(၂) ချစ်ခြင်းမေတ္တာ

အချစ်ဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရောက်ရှိလာပြီး လူ့ဘဝကို ဆန်းပြားတဲ့ ဘုံခန်းဝါဖြစ်အောင် ဖန်တီးနိုင်စွမ်း ရှိပါတယ်။ ငွေဟာ သိပ်လှတဲ့ မိန်းမတစ်ယောက်ကို ပိုင်ဆိုင်စေနိုင်ဖို့ အဓိကနေရာက အရေးပါကောင်း ပါနိုင်ပေမယ့် စစ်မှန်သန့်စင်တဲ့ အချစ်ကို ဝယ်နိုင်မယ်လို့တော့ ယူဆလို့မရပါဘူး။ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ မိဘမေတ္တာတို့မှာဆို ငွေဟာ မိသားစု စားဝတ်နေရေးနဲ့ အနာဂါတ်အတွက် အကူကိရိယာလောက်ပဲ အသုံးဝင်ပါတယ်။

(၃) ငြိမ်းချမ်းရေး

စစ်ပွဲလိုမျိုး ပြင်ပမှာ ဖြစ်တဲ့ အကြမ်းဖက်သောင်းကြမ်းမှုတွေ ငြိမ်းအေးဖို့ နိုင်ငံခေါင်းဆောင်တွေဟာ ဒေါ်လာ ဘီလျံပေါင်းများစွာ အသုံးပြုခဲ့ပေမယ့် ငြိမ်းချမ်းရေး စစ်စစ်ရဖို့ဆိုတာ ငွေချည်းသက်သက်နဲ့ အလုပ်မဖြစ်ပါဘူး။ သူတော်ကောင်းတရား ရှာပြီး ကိုယ်တွင်းက သောကပဋိဒေဝ မငြိမ်းချမ်းမှုမှာဆို ငွေရဲ့ နေရာဟာ မရှိသလောက် ရှားပါတယ်။

(၄) အတွေ့အကြုံ

ဘဝအတွေ့အကြုံတွေဟာ ပိုက်ဆံပေးပြီး ရှာလို့မရပါဘူး။ စွန့်စားမှုတွေ ၊ ဘဝကို အဓိပ္ပါယ်ပိုရှိစေမယ့် ဖြစ်ရပ်တွေဟာ သီးခြား တန်ဖိုးတွေ ဖြစ်ပါတယ်။

(၅) ကျန်းမာရေး

ရှေးရှေးကတည်းက လူတွေဟာ ကျန်းမာခြင်းရဲ့ တန်ဖိုးကို အလေးအနက် ထားခဲ့ပါတယ်။ ဒီနေ့အချိန်အထိလည်း ဘယ်လောက် ချမ်းသာချမ်းသာ ကျန်းမာရေးကို ဝယ်လို့မရတဲ့ သာဓကတွေ မနည်းမနော ရှိပါတယ်။

(၆) မိတ်ဆွေ

ပိုက်ဆံရှိလို့ ပွဲတွေ ၊ ကလပ်တွေ တက်ပြီး မိတ်ဆွေဖွဲ့လို့မရဘူးလားဆိုရင် ရတယ်လို့ ပြောနိုင်ပေမယ့် မိတ်ဆွေဖြစ်မှု Friendship ဆိုရာမှာ တစ်ယောက်ကိုတစ်ယောက် ကာလများစွာ ၊ အတွေ့အကြုံများစွာ အတူဖြတ်သန်းခဲ့မှုတွေနဲ့ သစ္စာစောင့်သိမှုတွေ ပါပါတယ်။ Friendship သဘောဟာ ငွေထက် ပိုပြီးတန်ဖိုးရှိသလို မိတ်ဆွေစစ်တွေဟာ ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေထဲက အဖိုးတန်ဆုံးထဲမှာ ပါပါတယ်။

(၇) ဗဟုသုတ

ငွေဟာ တက္ကသိုလ်တက်ဖို့ ကျောင်းစရိတ်ထုတ်ပေးနိုင်ပေမယ့် အတတ်ပညာနဲ့ ဗဟုသုတကိုတော့ မပေးနိုင်ပါဘူး။ အသိအမြင်တွေဟာ ရွှေငွေစည်းစိမ်တွေထက် အဖိုးတန်တာကြောင့်ပဲ ခေတ်အဆက်ဆက် တွေးခေါ်ရှင်များနဲ့ သိပ္ပံသုတေသနပညာရှင်တွေဟာ ဓနရှင်တွေထက် သမိုင်းမှတ်ကျောက်မှာ ထင်ကျန်ခဲ့တာ ဖြစ်ပါတယ်။

ကြိုးစားရင်း ကြီးပြင်းခဲ့ပြီး အသက်အရွယ်ရလာလို့ အထိုက်အလျောက် ပိုင်ဆိုင်မှုတွေ ရှိလာတဲ့အခါမှာတော့ ငယ်ငယ်က နုပျိုတက်ကြွပျော်ရွှင်မှုကို ပြန်တမ်းတမိဖူးတဲ့သူတွေ ရှိပါတယ်။