ငယ်ရွယ်နုပျိုမှုကို နှေးကွေးစေဖို့ နည်းလမ်းတွေကို သင် ကြားဖူးမှာပါ။ ပညာရှင်တွေကတော့ အရွယ်တင် နုပျိုဖို့ အိပ်ချိန်လုံလောက်စွာ ထားတာ၊ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်တာ၊ ပုံမှန် လေ့ကျင့်ခန်း လုပ်တာ စတာတွေကို အကြံပေးလေ့ရှိပါတယ်။ အသက် ၇၃ နှစ်ရှိပြီ ဖြစ်တဲ့ ဖက်ရှင် ဒီဇိုင်နာ Vera Wang က အရွယ်တင် နုပျိုစေဖို့ ဒီအကြံပေးချက်တွေအပြင် ထပ်ဆောင်း အကြံပေးချက်တွေ ပြောပြထားပါတယ်။ သူမကတော့ အသက် ၇၀ ကျော်အထိ အသက်ကြီးတယ် မထင်ရသေးပါဘူး။ သူမရဲ့ အလှအပ ထိန်းသိမ်းခြင်း လျို့ဝှက်ချက်တွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်-
၁။ Baby Oil သုံးတာ
သူမက အလှကုန်ပစ္စည်း အများစုနဲ့ ဓာတ်မတည့်သူပါ။ ဒါကြောင့် Vera Wang က ရေချိုးပြီးနောက် ပျော့တဲ့ Baby Oil ကို သုံးလေ့ရှိပါတယ်တဲ့။ သူမက ခန္ဓာကိုယ် အစိုဓာတ်ပြည့်နေဖို့ အရေးကြီးကြောင်း နားလည်ထားသူဖြစ်ပြီး Baby Oil ကို ပုံမှန်သုံးလေ့ရှိသူပါ။ နောက်ထပ် သူမအတွက် အရေးကြီးတာကတော့ Spf 30 ပါဝင်တဲ့ Moisturizer ကို သုံးတာပါ။
၂။ အလုပ်များနေတာက အိုမင်းခြင်းကို တိုက်ထုတ်ပေးတယ်လို့ ယုံကြည်ထားသူ
ဖက်ရှင် Industry မှာ အလုပ်လုပ်သူ တစ်ဦး အနေနဲ့ Vera Wang က အလှဆုံးအမျိုးသမီး မော်ဒယ်တွေနဲ့ နေ့စဉ် အလုပ်လုပ်ရသူ ဖြစ်ပါတယ်။ သူမက ဒီ မိန်းမလှတွေကို သူမရဲ့ စိတ်ချမ်းသာရာ ဖန်တီးမှု အနေနဲ့ မြင်လေ့ရှိပြီး အမြဲ အလုပ်နဲ့ လက် မပျက်သူ ဖြစ်ပါတယ်။ Vera Wang က အိုမင်းခြင်းကို တွေးလေ့ရှိသူမဟုတ်ဘဲ အလုပ်များခြင်းနဲ့ တိုက်ထုတ်တတ်ပါတယ်။
၃။ နေကာမျက်မှန်တပ်တယ်
သူမရဲ့ အလုပ်က ဖုန်း၊ ကွန်ပြူတာ စတာတွေကို အမြဲ ကြည့်နေရတာကြောင့် ကာကွယ်တဲ့ မျက်မှန်တွေကို တပ်လေ့ရှိပါတယ်။ Vera Wang က 1973 တည်းက Vogue မှာ Accessories editor အနေနဲ့ လုပ်ကတည်းက မျက်မှန် ထောင်ပေါင်း များစွာ စုလေ့ရှိသူ ဖြစ်ပါတယ်။
၄။ သူမလုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းနှစ်ခု
Vera က ဝိတ်တုံး မရင် ၂ ပေါင်ကနေ ၃ ပေါင် မကျော်တဲ့ အလေးအပေါ့တွေကိုပဲ မ ပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်လေ့ရှိပါတယ်။ သူမက လေ့ကျင့်ခန်းနဲ့ ပတ်သက်ရင် ကိုယ်နှစ်သက်တာကိုပဲ လုပ်လေ့ရှိသူလို့ ယူဆရပါတယ်။ သူမ ကြိုက်တဲ့ လေ့ကျင့်ခန်း နှစ်ခုကတော့ အားတဲ့အချိန် အိမ်နားတစ်ဝိုက် စက်ဘီးစီးတာရယ် လေ့ကျင့်ခန်း မလုပ်ချင်ရင်တော့ ဂေါ့ဖ် ရိုက်တာရယ်ပါ။
၅။ သရေစာ Junk Food တွေကိုလည်း စားလေ့ရှိသူ
Vera Wang က အစားသိပ်မရှောင်ဘဲ သူမ ကြိုက်နှစ်သက်တဲ့ Junk Food တွေကို စားလေ့ရှိပါတယ်။
အနှစ်ချုပ်အနေနဲ့တော့ အသက် ၇၃ နှစ်အရွယ် Vera Wang ရဲ့ အရွယ်တင်ခြင်း လျို့ဝှက်ချက်ကတော့ အသက်ကြီးလာတယ်ဆိုတာကို မေ့ထားပြီး ဘဝကို လက်ရှိအချိန်မှာ အပြည့်အဝ ခံစားနေထိုင်တာပါ။
Source: Brightside
by MyStyle Myanmar