Vaseline ဟာ ယနေ့ခေတ် ပျိုမေတွေရဲ့ အလှအပအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်မျိုးဖြစ်လာပါပြီ။ Vaseline က အသားအရေအတွက် ကောင်းမွန်ကြောင်း ပြောတဲ့သူတွေရှိသလို ဒီ Cream ဟာ ချွေးပေါက်ပိတ်စေတယ်လို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။

ဒီတော့ ဘယ်ဟာက အမှန်လဲ။ Vaseline ကို မျက်နှာပေါ်လိမ်းသင့်လား။ Vaseline လိမ်းရင် ဘယ်လိုအာနိသင်တွေရလဲ ကြည့်လိုက်ရအောင်နော်။

Source: Stylecraze

Vaseline က Petroleum Jelly တစ်မျိုးဖြစ်တာကြောင့် အဆီအမျိုးအစားပါ။သင့်ရဲ့အသားအရေနဲ့ ပတ်ဝန်းကျင်ကြားမှာ ခပ်ထူထူကြားခံနယ်အနေနဲ့ Vaseline က ရပ်တည်ပေးပါတယ်။

Vaseline ကိုလိမ်းသင့်တဲ့ အသင့်တော်ဆုံးအချိန်ကတော့ ညဘက်မျက်နှာသစ်ပြီးနောက်ပါ။ စေးကပ်ကပ်အာနိသင်ရှိတာကြောင့် နေ့အချိန်မှာ လိမ်းဖို့ မသင့်တော်ပါဘူး။ Vaseline ရဲ့ ကောင်းကျိုးတွေထဲမှာ အသုံးအဝင်ဆုံးကတော့ ဝက်ခြံတိုက်တုတ်ပေးတာပါ။

သင်က ထိခိုက်လွယ်တဲ့ Sensitive အရေပြားပိုင်ဆိုင်သူ ဝက်ခြံခဏခဏ ထွက်သူဆိုရင် Vaseline က သင့်အတွက် သင့်တော်ပါတယ်။

Source: Reader’s Digest

Vaseline ကို ညဘက်မှာ Moisturizer အနေနဲ့ သုံးနိုင်ပါတယ်။ Vaseline ရဲ့ ကောင်းကျိုးနောက်တစ်ခုက သင့်မျက်နှာကို အစိုဓာတ်ပေးပါတယ်။ ရေဓာတ်ဖြည့်တင်းပေးပါတယ်။ ဒါကြောင့်ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် Vaseline က ဆေးစွမ်းကောင်းတစ်လက်လိုပါပဲ။

တချို့လူတွေကတော့ Vaseline ဟာ သင့်မျက်နှာကို လေးလံစေတယ်။ အရေပြားလေးစေတယ်လို့ ဆိုကြပါတယ်။ Vaseline ကအရေပြား လေဝင်လေထွက်ရရှိဖို့ အခက်အခဲဖြစ်စေပါတယ်။ ဆိုလိုတာကတော့ Vaseline လိမ်းထားချိန်မှာ အသားအရေက လုပ်ဆောင်နေကျ တာဝန်တွေကို မလုပ်နိုင်တော့ပါဘူး။ လိမ်းထားတဲ့အလွှာက Bacteria တွေကို ပိတ်မိစေပြီး ဆဲလ်သေ ကွာကျခြင်းဖြစ်စဉ်ကို တားမြစ်လိုက်ပါတယ်။

Vaseline လိမ်းတဲ့ ပထမဆုံးညမှာ သင်ခံစားမှုအသစ်ခံစားရမှာပါ။ သာမန်လိမ်းတဲ့ခရင်တွေနဲ့မတူဘဲ Vaseline ကအသားထဲစိမ့်မဝင်ပါဘူး။

Source: Pinterest

Vaseline က အရေပြားပေါ်မှာ ဂျယ်လီပုံစံအလွှာလေးဖန်တီးလိုက်ပါတယ်။ ဒါကြောင့် Vaseline လိမ်းလိုက်ရင် ရတဲ့ခံစားချက်ကို တချို့တွေက မကြိုက်ကြပါဘူး။ ဘာလို့ဆို ခရင်တစ်ခုလိမ်းလိုက်ရင် အသားထဲစိမ့်ဝင်သွားရမယ်လေ။

Source: Allure

မနက်ပိုင်းအိပ်ရာနိုးမှ Vaseline ရဲ့အာနိသင်ကို ခံစားရမှာပါ။ သင့်အရေပြားက ခြောက်သွေ့မနေရင်တော့ Vaseline က သင့်အရေပြားနဲ့ သင့်တော်ပါတယ်။ ခြောက်သွေ့နေသေးတယ်ဆိုရင်တော့ သင် Vaseline ကိုမလိမ်းသင့်ပါဘူး။

Vaseline ကို အန္တရာယ်ကင်းအောင် ဘယ်လိုလိမ်းမလဲ

Source: Wild About Beauty

Vaseline ကိုညတိုင်းမလိမ်းသင့်ပါဘူး။ Vaseline မှာ ရက်ဆက်တိုက်လိမ်းပါက ဆိုးကျိုးတွေရှိနိုင်ပါတယ်။ မျက်နှာမှာ Vaseline လိမ်းရတာက နှစ်ဖက်လုံးအချွန်ပါတဲ့ ဓားတစ်ချောင်းကိုင်ရသလိုပါပဲ။

တစ်ဖက်မှာ အစိုဓာတ်နဲ့ ရေဓာတ်ရပေမဲ့ နောက်တစ်ဘက်မှာတော့ သင့်ချွေးပေါက်တွေကို ပိတ်ပစ်လိုက်ပါတယ် ဝက်ခြံဖြစ်တတ်သူဆိုရင်လည်း Vaseline နေ့တိုင်းလိမ်းပါက ပိုဆိုးလာပါလိမ့်မယ်။ အစက်အပြောက်တွေ ပိုဖြစ်လာပါလိမ့်မယ်။

Source: Early Care

အကောင်းဆုံးနည်းလမ်းကတော့ Moisturizer တစ်ခုခုလိမ်းပြီးမှ Vaseline ကို နောက်တစ်လွှာလိမ်းပေးတာပါ။

ဒါပေမဲ့ ဒီနည်းလမ်းကို နေ့တိုင်းမလုပ်ဖို့တော့ အကြံပြုလိုပါတယ်။ တစ်ပတ်မှာ သုံးညလောက်ပဲ လိမ်းသင့်ပါတယ်။

Vaseline ကခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေနဲ့ သင့်တော်ပါတယ်။

ဒီလောက်ဆိုရင် Vaseline ကို မျက်နှာမှာလိမ်းသင့်လား။ ဘယ်လိုလိမ်းရင် သင့်အတွက် ပိုအသုံးဝင်မလဲ သိလောက်ပြီလို့ မျှော်လင့်မိပါတယ်။

By MyStyle Myanmar