Vaseline Petroleum Jelly ဟာ ခြောက်သွေ့အက်ကွဲတဲ့အသားအရေကို သက်သာစေသလို၊ နှုတ်ခမ်းသားခြောက်သွေ့တာ၊ ထိခိုက်ရှနာဖြစ်တာကိုပါ သက်သာစေပါတယ်။ ဘယ်လိုအသုံးပြုလို့ရသလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဆားဝက်ခြံတွေ သက်သာစေဖို့

ညအိပ်ယာမဝင်ခင် မျက်နှာကိုအရင်ဆုံး စင်အောင်သစ်လိုက်ပါ။ ပြီးရင် ဆားဝက်ခြံရှိတဲ့ နှာခေါင်းကို ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ အဲဒီနောက် Vaseline Petroleum Jelly ကိုလိမ်းလိုက်ပါ။ ပလတ်စတစ်လေး ကပ်ပေးလိုက်ပါ။ အဲဒီနောက် တဘက်တစ်ထည်ကို ရေနွေးစွတ်ပြီး အပေါ်ကနေ ၅ မိနစ်လောက် အုပ်ပေးထားပါ။ ပြီးရင် အကုန်လုံးဖယ်လိုက်ပြီး ဆားဝက်ခြံကို ဖြည်းဖြည်းချင်း ညှစ်ထုတ်လိုက်ပါ။

၂။ မျက်တောင်လေးတွေရှည်စေဖို့

ညအိပ်ယာမဝင်ခင် မျက်တောင်လေးတွေမှာ လိမ်းပေးလိုက်ပါ။

၃။ ခြေထောက်အက်ကွဲတာတွေသက်သာစေဖို့

ခြေထောက်ကို ရေသေချာစင်အောင်ဆေးပြီး ချေးပြောင်အောင်တိုက်လိုက်ပါ။ ပြီးရင် Vaseline Petroleum Jelly ကိုလိမ်းပေးလိုက်ပါ။

၄။ နှုတ်ခမ်းသား အက်ကွဲတာသက်သာစေဖို့

နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲနေတာတွေကို သက်သာစေဖို့ ညဖက်မှာ နှုတ်ခမ်းကို Vaseline Petroleum Jelly လိမ်းပြီး အိပ်ယာဝင်ပေးပါ။ (သို့) Vaseline Petroleum Jelly ကိုသကြားနဲ့ရောပြီး နှုတ်ခမ်းပေါ် ၂ မိနစ်လောက် ပွတ်ပေးပါ။ ပြီးရင် ခဏထားပြီး ရေဆေးချလိုက်ပါ။

၅။ မျက်ခုံးမွှေးထူလာစေဖို့

မျက်ခုံးမွှေးပေါ်မှာ လိမ်းပေးထားနိုင်ပါတယ်။

၆။ အသားအရေ ခြောက်သွေ့အက်ကွဲတာ သက်သာဖို့

အသားအရေ အရမ်းပက်နေတာ အရမ်းခြောက်နေတာကိုလည်း သက်သာစေပါတယ်။ အဲဒီအတွက် Vaseline Petroleum Jelly ကို Lotion တမျိုးမျိုးနဲ့ သေချာရောပြီး လိမ်းပေးနိုင်ပါတယ်။

၇။ မိတ်ကပ်ဖျက်မယ်

အပြင်ကပြန်လာလို့ မိတ်ကပ်ဖျက်ရည်ကုန်သွားရင်လည်း စိတ်မပူပါနဲ့။ Vaseline Petroleum Jelly ကိုလိမ်းပေးပြီး တဘက်နဲ့ သေချာပြန်သုတ်လိုက်ပါ။