ရာသီတွေ အလီလီပြောင်းပြီး ဖက်ရှင်စတိုင်လ်တွေ ဖက်ရှင်ရေစီးကြောင်းတွေ ပြောင်းလဲသွားပေမယ့် ဂျင်းဖက်ရှင်ကတော့ ဟောင်းသွားတယ်ဆိုတာ မရှိပါဘူး။ ရာသီဥတု ပူအိုက်တဲ့အချိန်မှာ ဂျင်းစကပ်အတိုလေးတွေ ဝတ်ဆင်နိုင်သလို ချမ်းအေးတဲ့ နေ့မျိုးမှာဆိုရင် ဂျင်းဂျက်ကတ်လေးက အနွေးဓာတ် ပေးစွမ်းနိုင်ပါတယ်။

ဒါ့ကြောင့် ဂျင်းဘောင်းဘီလေးတွေက ပျိုမေလေးတို့ရဲ့ အဝတ်ဘီဒိုထဲမှာ မပါမဖြစ် ထည့်ထားသင့်တဲ့ ဖက်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။ ဂျင်းဘောင်းဘီထဲမှာလည်း ခါးလျှောဂျင်းဘောင်းဘီနဲ့ High-Waisted ဂျင်းဘောင်းဘီဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ ဒီနေ့ခေတ်မှာ ခေတ်စားလာတဲ့ ဂျင်းဘောင်းဘီကတော့ High-Waisted ဂျင်းဘောင်းဘီပဲဖြစ်ပါတယ်။ High-Waisted ထဲမှာမှ အမျိုးအစားအများကြီး ပြန်ခွဲထားပါသေးတယ်။

ဖက်ရှင်ချစ်သူပျိုမေလေးတွေအတွက် ထိုအမျိုးအစားတွေကို ဖော်ပြပေးလိုက်တယ်နော်။

၉၀ အစောပိုင်းက ခေတ်စားခဲ့တဲ့ Retro ဂျင်း

ဂျင်းဘောင်းဘီအပြဲစတိုင်လ်

ကိုယ်ကျပ် Skinny ဂျင်းဘောင်းဘီ

အောက်ကား ဂျင်းဘောင်းဘီ

ဒဲ့ပွ ဂျင်းဘောင်းဘီ

ခေါင်းလောင်းဂျင်းဘောင်းဘီ

အရောင်ဖျော့ ဂျင်းဘောင်းဘီ

ပျောက်ကျား ဂျင်းဘောင်းဘီ

Vintage စတိုင်လ် ဂျင်းဘောင်းဘီ

ခန္ဓာကိုယ်လေးကို သေးသွယ်သွားစေမယ့် ဂျင်းအမဲ

ဖက်ရှင်ကျ လှပစေတဲ့ ဂျင်းအဖြူ

နေဗီပြာရောင် ဂျင်းဘောင်းဘီ

Plus Size မမတွေအတွက် High Waisted ဂျင်း

ဆွဲဆောင်မှုရှိစေတဲ့ ဂျင်းဘောင်းဘီအတို

High Waisted ဂျင်းတွေ ဝတ်တဲ့အခါ သတိထားရမယ့်အချက်တစ်ခုကတော့ အင်္ကျီကို ဂျင်းဘောင်းဘီအထဲ မြှုပ်ဝတ်ရမှာပဲဖြစ်ပါတယ်။ ဒါမှ အချိုးအစားပြေပြစ်လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ အင်္ကျီမြှုပ်မဝတ်ထားဘူးဆိုရင်တော့ သင့်ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းက မှေးမှိန်ပျောက်ကွယ်သွားပြီး ဖက်ရှင်ကျ လှပနိုင်မှာမဟုတ်တော့ပါဘူး။

Source: Thetrendspotter.net

By MyStyle Myanmar