အားလုံးပဲ မင်္ဂလာပါ၊ စာဖတ်သူတွေထဲမှာ မှန်ကြောင်လေးတွေ ရှိကြတယ်မလား။ သူငယ်ချင်းတွေက ကိုယ့်ကို မှန်ကြောင်တို့ လေးလုံးတို့ခေါ်ပြီး အစခံရဖူးတယ်မလား။

တကယ်တမ်းကျတော့ မှန်ကြောင်လေးတွေက ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာကို ကာယကံရှင်တွေကလွဲပြီး ဘယ်သူမှသိကြတာမဟုတ်ပါဘူး။ ဒါတင်ဘယ်ကမလဲ မှန်ကြောင်လေးတွေမှာ အားသာချက်နောက်တစ်ခု ရှိသေးတယ်နော်။ အဲ့ဒါကတော့ ကိုယ့်ရဲ့ နောက်ဆုံးပေါ်မျက်မှန်လေးနဲ့ အလန်းစားဓာတ်ပုံလေးတွေ ရိုက်လို့ရတာပါပဲ။

တချို့မျက်မှန်မတပ်တဲ့သူတွေတောင် ကိုယ့်မျက်မှန်ငှားပြီး ဓာတ်ပုံရိုက်ကြသေးတာပဲ မဟုတ်လား။ နဂိုကတည်းကမှ ချစ်စရာကောင်းတဲ့ဓာတ်ခံရှိပြီးသား မှန်ကြောင်လေးတွေလည်း မျက်မှန်လေးတွေနဲ့ အလန်းစားပို့စ်လေးတွေ ဘယ်လိုပေးလို့ရမလဲဆိုတာ အတူတူဆက်ရှိုးလိုက်ရအောင်နော်။

မျက်မှန်ကို ဟောဒီလို ကိုင်ပြီး အရှေ့တည့်တည့်ကရိုက်ပါ

မေးစေ့ကို ဟောဒီလို ကိုင်ပါ

မေးထောက်ပြီး ပို့စ်ပေးမယ်

ဒါကတော့ ပီကေမှုတ်တတ်တဲ့ မှန်ကြောင်လေးတွေအတွက်ပါ

ဆံပင်ကို အနောက်လှန်ပြီး ပို့စ်ပေးနည်း

အမိုက်စားစတိုင်လ်လေးရဖို့ နံရံပေါ်ကို လက်ထောက်ထားလိုက်ပါ

ခန္ဓာကိုယ်ကို ဘေးတစောင်းထားပြီး ပို့စ်ပေးပါ

ကားပေါ်မှာ တက်ထိုင်ပြီး ပို့စ်ပေးနည်း

ပုံထဲမှာကတော့ ကားပျက်တစ်စီးပေါ်ထိုင်ပြီး ပို့စ်ပေးထားတာပေါ့နော်။ နောက်ခံရှုခင်းကို သူနဲ့ချွတ်စွတ်တူစရာတော့ မလိုပါဘူး။

ဖြတ်ခနဲလှမ်းကြည့်တဲ့အချိန်မှာ

နောက်စတိုင်လ်တစ်မျိုး

မျက်မှန်လေးနဲ့ အလန်းစား Selfie လေးတွေ ဖန်တီးလို့လည်း ရသေးတယ်နော်

Photo Source: Pinterest.com