February ဒုတိယပတ်ကတော့ ချစ်သူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အချိန်အခါ သမယပဲဖြစ်ပါတယ်။ သင်နဲ့ သင့်ချစ်သူက ချစ်သူများနေ့မှာ ဘာတွေလုပ်လေ့ ရှိလဲ။ ဘယ်တွေ သွားလေ့ရှိလဲ။
ဒီတစ်ခေါက်ပြောပြမယ့် အကြောင်းအရာကတော့ အရင် VD တွေနဲ့ မတူဘဲ ထူးထူးခြားခြား ဖြစ်ဖို့ ဒိတ်လုပ်နိုင်မယ့် အိုင်ဒီယာတွေကို ပြောပြပါရစေ။
၁။ တစ်ယောက်ယောက်အိမ်ကို သွားလည်ပါ
Photo Source: Pinterest
သင့်အိမ်ပဲဖြစ်ဖြစ် သင့်ချစ်သူအိမ်ပဲဖြစ်ဖြစ် သွားလည်ပါ။ ပြီးနောက် ကြည့်မယ့် ဇာတ်လမ်းတစ်ခုကို ကြိုစဉ်းစားထားပါ။ ချစ်သူများနေ့မှာ ကိုယ့်အိမ်မှာပဲ ရုပ်ရှင်ရုံတစ်ခု ဖန်တီးပြီး တူတူကြည့်နိုင်ပါတယ်။
၂။ ကာရာအိုကေ ဆိုပါ
Photo Source: Open Mic UK
သင့်ချစ်သူ အိမ်မှာ ကာရာအိုကေ စက်နဲ့ သီချင်းဆိုနိုင်ပါသေးတယ်။ ပျော်ပျော်ပါးပါး ခံစားချက်တွေကို ဖွင့်ထုတ်တာကလည်း အမှတ်တရ တစ်ခုပါပဲ။
၃။ မနက်စောစော စီးစီး
Photo Source: Science Photo Library
ချစ်သူများနေ့ မနက်စောစောမှာ နှစ်ယောက်တူတူ စက်ဘီးစီး သင့်ပါတယ်။ တစ်ယောက်တစ်စီးဖြစ်ဖြစ် ဒါမှမဟုတ် သင့်ကောင်လေးနောက်မှာ လိုက်တာပဲဖြစ်ဖြစ် အမှတ်တရ တစ်ခု ဖန်တီးနိုင်ပါတယ်။
၄။ နှစ်ယောက်တူတူ အနုပညာတစ်ခု
Photo Source: DIY Joy
နှစ်ယောက် တူတူ ပန်းချီဆွဲတာဖြစ်ဖြစ် ဒါမှမဟုတ် အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Album တစ်ခု ဖန်တီးတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ချစ်သူများနေ့မှာ ဒီလိုဖန်တီးရတဲ့ အရာတစ်ခုက နောက်နှစ်တွေအထိ အမှတ်တရ တစ်ခု ဖြစ်နိုင်ပါတယ်။
၅။ နှစ်ယောက်တူတူ ထီထိုးပါ
Photo Source: Wise Bread
လာမယ့် လမှာ ကံစမ်းနိုင်အောင် ချစ်သူများနေ့မှာ ထီတူတူ ထိုးသင့်ပါတယ်။ နှစ်ယောက်ကံကြမ္မာက ဘယ်လိုလာမလဲ မသိနိုင်တာမို့ ရင်ခုန်စရာပါပဲ။
၆။ Staycation
Photo Source: Elite Daily
တစ်နေရာရာမှာ Camp လုပ်တာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ တူတူ ဟိုတယ်တစ်ခုမှာ Staycation လုပ်တာဖြစ်ဖြစ် ပျော်စရာ ဖန်တီးနိုင်ပါတယ်။ ချစ်သူများနေ့မှာ ချစ်သူနှစ်ဦးသာမက တခြား သူငယ်ချင်းတွေပါ ပါတာကြောင့် ပျော်စရာပိုကောင်းမှာပါ။
၇။ တူတူ အက သင်တန်းတက်ပါ
Photo Source: DanceU
နှစ်ယောက်တူတူ အွန်လိုင်းကနေ အကသင်တန်းတစ်ခု တက်သင့်ပါတယ်။ နှစ်ယောက်လုံး မတက်ဖူးဘူး ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး ရယ်နေရမှာပါ။
၈။ First Date တုန်းက
Photo Source: AskMen
သင်တို့ နှစ်ယောက် First Date တုန်းက တူတူသွားခဲ့ဖူးတဲ့ နေရာကို တစ်ဖန် ပြန်သွားကြည့်ပါ။ အဆင်ပြေမယ်ဆိုရင် အဲ့ First Date နေ့က ဝတ်တဲ့ အဝတ်အစားတွေကိုပဲ ဝတ်သွားသင့်ပါတယ်။ First Date တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံမျိုး VD နေ့မှာ ပြန်ရိုက်ပြီး Collage Photo ယှဉ်ပြီး တင်နိုင်ပါသေးတယ်။
သင့်အနေနဲ့ အပေါ် က အချက်တွေထဲမှာ ချစ်သူနဲ့ တူတူ လုပ်ချင်တဲ့ Date Idea ပါရင် ပြောပြခဲ့ပါဦး။
By MyStyle Myanmar







