မင်္ဂလာပါ… ပျိုမဒီတို့ရေ… Runway ပေါ်မှာ ဒီဇိုင်နာတွေရဲ့ ဒီဇိုင်နာဝတ်စုံတွေကို ဝတ်ကြတဲ့မော်ဒယ်တွေကအရပ်ရှည်ပြီး ဖြောင့်စင်းတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်ထားကြတဲ့လူတွေပါ။ လက်တွေ့ဘဝမှာတော့ ဒီလိုမျိး အချိုးအစားရှိတဲ့ ပြီးပြည့်စုံတဲ့ အမျိုးသမီးတော်တော်များများကို ရှာရခက်ပါတယ်။

ဒါပေမယ့် ဒီဇိုင်နာတွေရဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဒီဇိုင်နာဝတ်စုံတွေကို Celebrities တွေ ၀တ်ဆင်ကြတဲ့အခါ ဘယ်သူက ပိုကောင်းအောင် ဝတ်ကြမလဲ ? မော်ဒယ်တွေလား ဒါမှမဟုတ် နာမည်ကြီးလားဆိုတာ ကြည့်ရအောင်။

Prabal Gurung / Candice Swanepoel

ရိုးစင်းပြီး ကြော့ရှင်းတဲ့အနက်ရောင်ဝတ်စုံကို Candice Swanepoel က ထင်ရှားစေဖို့ ညှပ်ရိုးများကိုဖော်ပြီး ဝတ်ဆင်ခဲ့ပါတယ်။

Oscar de La Renta / Selena Gomez

ဒီအလန်းစားဝတ်စုံကို Selena က Ombre နားကပ် ၊ ပန်းရောင်စုံစီးဖိနပ်တွေနဲ့ ချစ်ဖို့ကောင်းတဲ့ ဝတ်စုံလေးအဖြစ် ပြောင်းလဲ ဝတ်ဆင်ထားပါတယ်။

Valentino / Gemma Chan

Gemma Chan က တောက်ပြောင်နေတဲ့ အပြာရောင် ၀တ်စုံကိုမှ ဘောင်းဘီတိုကို ပေါ်လွင်စေအောင်လို့ ဝတ်ဆင်ခဲ့ပါတယ်။

Elie Saab / Hailee Steinfeld

2019 အော်စကာပါတီပွဲကို တက်ရောက်ခဲ့တဲ့ Hailee Steinfeld က မက်မွန်ရောင် မီနီဂါဝန်လေးဝတ်ဆင်ပြီး လူအများရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Ralph & Russo / Logan Browning

ရွှေရောင်ဖိနပ်နဲ့အတူ ဝတ်ခဲ့တဲ့ Logan Browning ရဲ့ ဝတ်စုံက ရိုးရိုးရှင်းရှင်း ရင်သပ်ရှုမောဖွယ်ပါပဲ။

Oscar de La Renta / Lupita Nyong’o


အလေးချိန်မရှိသလောက် ပေါ့ပါးနေပုံရတဲ့ ဒီဝတ်စုံကို ဝတ်ခဲ့တဲ့ Lupita Nyong’oက ကျောသိုင်းဖိနပ်၊ စိန်နားကပ်ကြီးများနဲ့ တွဲဖက်ဝတ်ဆင်ခဲ့ပါတယ်။

Alexis Mabille / Araya Hargate

ကိုယ်ဝန်ရှိနေရင် ပေါ့ပေါ့ပါးပါး အဝတ်အစားတွေပဲ ဝတ်ရမယ်လို့ မဆိုလိုပါဘူး။ 2017 တွင် Araya Hargate က Fit Dress လေးဝတ်ဆင်ပြီး ပွဲတက်ခဲ့ပါတယ်။

Source: BrightSide