ဒီနေ့မှာတော့ အရွယ်ရောက်ပြီးတဲ့သူတိုင်းလိုလို ကြုံတွေ့ခံစားနေရလေ့ရှိတဲ့ စိတ်ဖိစီးမှုကို အချိန်တိုအတွင်းမှာ လျော့ကျသွားအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမှာပဲ့ ဖြစ်ပါတယ်။ သင်ရဲ့စိတ်ဖိစီးမှုအလုံးကို ဘယ်နေရာမှာလျှော့ချရမှန်းမသိတာတွေ အချိန်မရှိတာတွေကြောင့် စိတ်ဖိစီးမှုတွေနဲ့ ပိတ်မိနေတယ်ဆိုရင်တော့ ဒီနည်းလမ်းကောင်းလေးတွေကို အသုံးချကြည့်လိုက်ပါ။

ဒါကြောင့် ဒီဆောင်းပါးကနေပြီး သင်ရဲ့စိတ်ဖိစီးမှုကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းနိုင်စေမယ့် အလွယ်ကူဆုံးနည်းလမ်းကောင်းတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်နော်။

ပီကေဝါးပါ။

လေ့လာမှုတစ်ခုအရ ပီကေက အလုပ်ခွင်ထဲမှာရော အပြင်အလုပ်တွင်ပါ စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ လေ့လာမှုရဲ့ရလဒ်တွေက ၎င်းက ပင်ပန်းနွမ်းနယ်မှု၊ စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျမှုကိုလျှော့ချနိုင်ပြီး ပိုမိုကောင်းမွန်သောစိတ်ဓာတ်ကို ဖြစ်ပေါ်စေနိုင်တယ်လို့ ထပ်မံဖော်ပြခဲ့ပါတယ်။

သင်နှင့်အတူအပင်တစ်ပင်ထားပါ။

အပင်တစ်ပင်က သင်ရဲ့အလုပ်စားပွဲပေါ်မှာ အလှဆင်ပစ္စည်းတစ်ခုဖြစ်ရုံသာမက စိတ်ဖိစီးမှုကိုလည်း သက်သာစေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ ရုံးခန်းအတွင်းရှိအပင်များရှိနေခြင်းက သွေးပေါင်ချိန်ကို ချက်ချင်းလျော့ကျစေပြီး တီထွင်မှုစွမ်းအားကိုပင် တိုးစေနိုင်ပါတယ်။

သင်၏လက်ချောင်းတွေကို resetခလုတ်ဖြင့် အသုံးပြုကြည့်ပါ။

Source: Brightside

သင့်လက်ကိုပါးစပ်ထဲသို့ထည့်ပြီးမှုတ်လိုက်ခြင်းက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ သင်ရဲ့လက်မဖြင့်ပိတ်ဆို့ပြီး လေမှုတ်ခြင်းက သင့်ရဲ့ vagus အာရုံကြောကို သွားသက်ရောက်စေပါတယ်။ ၎င်းက သင်ရဲ့နှလုံးခုန်နှုန်းနှင့်သွေးပေါင်ချိန်ကို ကျဆင်းစေပြီး သင့်အား စိတ်အေးလက်အေးဖြစ်စေနိုင်ပါတယ်။

လူမြင်ကွင်းအှာ အဲ့လိုပြုလုပ်ဖို့ သင်ရှက်နေရင်တော့ သင်ရဲ့ဒုတိယနှင့်တတိယလက်ကြားရှိ အမှတ်သို့ဖိလိုက်ပါ။ ဒီအရာကလည်း သင့်အား စိတ်ဖိစီးမှုနည်းပါးသောခံစားမှုဖြစ်စေရန် reset ခလုတ်တစ်ခုအနေဖြင့် အလုပ်လုပ်ပေးပါတယ်နော်။

အော်ငိုပစ်လိုက်ပါ။

အရွယ်ရောက်တဲ့သူတွေ ငိုနေတာကို အားနည်းတဲ့သူလို့ ယူမှတ််လေ့ရှိကြပါတယ်။ ဒါပေမယ့် တကယ်တော့ စိတ်ဖိစီးမှုကို ကောင်းအောင်လုပ်ဖို့ဆိုတာ စိတ်ဖိစီးမှုကို လျှော့ချပစ်ဖို့ပဲ့ လိုတာပါ။ စိတ်ဖိစီးမှုက ကြွက်သားများကို တင်းကျပ်ပြီး တင်းမာအောင် ပြုလုပ်ပါတယ်။ ဒါကြောင့် သင်ငိုတဲ့အခါ သင်စိတ်ဖိစီးမှုတချို့ကိုလွှတ်ချလိုက်တာ” လို့ စိတ်ပညာရှင်စတီဖင်စိုင်းဒါရော့ဖ် က ဆိုပါတယ်။

လက်စွဲဆောင်ပုဒ်တစ်ခုကို ကိုင်စွဲပါ။

ကိုယ့်ကိုယ်ကိုခွန်အားဖြစ်စေတဲ့ဆောင်ပုဒ်က နာတာရှည်စိတ်ဖိစီးမှုလျော့ချခြင်းတွေနဲ့ နှလုံးခုန်နှုန်းနှင့်သွေးပေါင်ချိန်ကျဆင်းခြင်းတို့နဲ့ ဆက်နွယ်သော တရားအားထုတ်တဲ့ ပုံစံတစ်မျိုးပဲ့ဖြစ်တယ်။ အဲ့ဒီအရာက အချိန်အများကြီးမလိုအပ်သလို ဘာကိရိယာပစ္စည်းမှ မလိုအပ်ပါဘူး။ သင်လုပ်ရမယ့်အရာမှာ သင့်မျက်စိကိုပိတ်ပြီး အဲဒီဆောင်ပုဒ်ကို စိတ်ငြိမ်သက်အေးချမ်းတဲ့အထိ ရွတ်ဖတ်နေဖို့ပဲ လိုပါတယ်နော်။

ကဲ..ဒီအပေါ်က နည်းလမ်းလေးတွေက သင့်စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ စိတ်ထွက်ပေါက်အနေနဲ့အသုံးတည့်စေရုံမက စိတ်ဖိစီးမှုကိုလည်း သက်သာစေမယ့်နည်းလေးတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်။