ဟယ်လို…MyStyle Myanmar က အလှပဂေးလေးတွေရေ…ညအိပ်ခါနီးတိုင်း မျက်နှာလေးကို Face Mask လေးကပ်ထားပေးမယ်ဆိုရင် အသားအရေလေး ကြည်လင်ပြီး စိုပြေလာတာကိုတော့ လူတိုင်းသိထားပြီးသားဖြစ်မှာပါ။ အသားအရေလေးစိုပြေကြည်ဝင်းလာစေတဲ့အပြင် Face Mask ကို ညတိုင်းကပ်ပေးခြင်းက အသားအရေအတွက် ဘယ်လိုမျိုးကောင်းကျိူးတွေ ထပ်ပြီးခံစားရရှိမလဲဆိုတာကို ဝေမျှပေးမှာပဲ့ဖြစ်ပါတယ်။

Face Mask ကို နေ့တိုင်းအသုံးပြုပေးမယ်ဆိုရင် သင့်အသားအရေကို တော်တော်လေးကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။ Moisturizer ပါတဲ့ Face Mask တွေကိုအသုံးပြုပေးမယ်ဆိုရင် သင့်မျက်နှာအသားအရေကို ကြည်လင်ပြီးစိုပြေလာစေမှာပဲဖြစ်ပါတယ်။ ညအိပ်ခါနီးမှာ Face Mask ကိုကပ်လိုက်မယ်ဆိုရင် မနက်မိုးလင်းတဲ့အခါမှာ အရမ်းကိုနူးညံ့ပြီး လှပတဲ့မျက်နှာအသားအရေလေးကို ရရှိပိုင်ဆိုင်စေမှာပါနော်။

မျက်နှာမှာရှိနေတဲ့ အစက်အပြောက်တွေကိုလည်း သိသိသာသာလျော့နည်းလာစေမှာပါ။ မျက်နှာအသားအရေမှာရှိနေတဲ့ ဆဲလ်တွေကိုပြန်လည်ကောင်းမွန်လာစေနိုင်တာကြောင့် အရင်ကထက် ပိုကောင်းတဲ့မျက်နှာအသားအရေလေးကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

ပိုပြီးကြည်တောက်စိုဝင်းတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်လာပါလိမ့်မယ်။ အပြင်တွေထွက်တာများလို့ပဲဖြစ်ဖြစ်၊ မျက်နှာအသားအရေတွေ ပျက်စီးလာရင်ပဲဖြစ်ဖြစ် Face Mask လေးကို နေ့တိုင်းပုံမှန်အသုံးပြုပေးမယ်ဆိုရင်တော့ ဖြူစင်ပြီးချောမွေ့တဲ့အသားအရေကို ရရှိပိုင်ဆိုင်လာစေမှာပဲဖြစ်ပါတယ်။

မျက်နှာမှာအသားအရေခြောက်သွေ့ခြင်းကြောင့် ဖြစ်တတ်တဲ့အရေးအကြောင်းတွေကိုလည်း လျော့နည်းစေတာကြောင့် သင့်မျက်နှာမှာရှိနေတဲ့ အရေးအကြောင်းတွေကို သိသိသာသာပဲလျော့နည်းလာတာကို သင်မြင်တွေ့ခံစားရမှာပဲ့ ဖြစ်ပါတယ်။

Beauty Salonတွေ Spaတွေကို တကူးတကသွားပြီး ပိုက်ဆံအကုန်ခံနေစရာမလိုတော့ပဲ အိမ်မှာတင် ဖုန်းလေးပွတ်နေရင်းနဲ့ မျက်နှာအသားအရေကို ထိန်းသိမ်းနိုင်တာကြောင့် Busy Bee ပျိုမေတို့၊ Lazy Girl လေးတွေအတွက်လည်း အဆင်ပြေစေမှာပါနော်။

Face Mask တွေက ဈေးကွက်ထဲမှာလည်း သင့်တော်တဲ့ဈေးနှုန်းအမျိုးမျိုးနဲ့ဆိုတော့ လူတန်းစားမျိုးစုံ ကိုယ်တတ်နိုင်သလောက် ပမာဏကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူသုံးစွဲလို့ရပါတယ်။ ပြီးတော့ တစ်ချို့တွေက Face Mask တွေကို တစ်ပတ်မှာ နှစ်ကြိမ်လောက်ပဲ သုံးကြတာများပါတယ်။ ဒီလိုမဟုတ်ပဲ တစ်ပတ်လောက် နေ့တိုင်းနီးပါးသုံးပေးမယ်ဆိုရင်တော့ သင့်အသားအရေကို အရင်ကထက်ပိုကောင်းလာတယ်ဆိုတဲ့ သိသာထင်ရှားတဲ့ resultကို တွေ့မြင်ရမှာ အသေအချာပါပဲ့။