အင်္ကျီတွေမှာ တခါတလေ နှုတ်ခမ်းနီပေတာ၊ မိတ်ကပ်၊လိုင်နာတွေ ပေတာမျိုးဖြစ်တတ်လား။ အပြင်သွားခါနီး ဝတ်တဲ့အင်္ကျီမှာပေသွားပြီဆိုရင် ဒုက္ခသိပ်ရောက်တာပဲနော်။ ဒါဆိုရင် အခုလိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလိုက်ရအောင်ပါ။

၁။ အမွှေးရိတ်တဲ့ ခရင်မ်

အမွှေးရိတ်တဲ့ခရင်မ်တွေက အသားတွေကို နူးညံ့ချောမွတ်စေသလို အစွန်းအထင်းတွေကိုလည်း ထိထိရောက်ရောက်သက်သာစေပါတယ်။ မိတ်ကပ်တွေ နှုတ်ခမ်းနီရာတွေကို ပျောက်စေပါတယ်။ အင်္ကျီမလျှော်ခင်မှာ ပေသွားတဲ့နေရာကို အမွှေးရိတ်တဲ့ခရင်မ်လိမ်းပေးထားလိုက်ပါ။

၂။ စပရေးဘူး

ခေါင်းမှာဖျန်းတဲ့စပရေးနဲ့ နှုတ်ခမ်းနီရာတွေ မိတ်ကပ်ရာတွေကို ဖယ်ရှားပေးလို့ရပါတယ်။ မိနစ်အနည်းငယ်လောက်ထားပါ။ ပြီးရင် ပွတ်ပေးလိုက်ပါ။

၃။ သွားတိုက်တံ

အစွန်းအထင်းတွေကို လက်နဲ့ပွတ်တာက ပိုပြီးညှစ်ပတ်စေပါတယ်နော်။ အဲဒီအစား သွားတိုက်တံကိုသုံးပေးပါ။ သွားတိုက်တံကို ပေသွားတဲ့ မိတ်ကပ် နှုတ်ခမ်းနီနေရာမှာ သေချာလေး ပွတ်ပေးလိုက်ပါ။ ပြောင်သလောက်ပွတ်ပေးပါ။ အင်္ကျီလျှော်တဲ့ဆပ်ပြာနည်းနည်းထည့် ရေနည်းနည်းထည့်ပြီး သွားတိုက်တံနဲ့ သေချာပွတ်တိုက်ပေးပါ။ ဒါဆို ပြောင်သွားမှာဖြစ်ပါတယ်နော်။ အခုပဲ ရုံးသွားဖို့ အလျင်လိုနေရင် လေမှုတ်စက်နဲ့ မှုတ်ပေးပြီး ရုံးသွားလိုက်ပါတော့နော်။