မျက်ခုံးမွှေးဆိုတာ သင့် ရုပ်ရည်အတွက် များစွာအရေးပါလှပါတယ်။ ပြီးပြည့်စုံတဲ့ မျက်ခုံးမွှေးတစုံရဖို့ ဘယ်လိုနည်းလမ်းကောင်းတွေသုံးရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

ဂရုစိုက်ပါ

မျက်ခုံးမွှေးကို ဂရုတစိုက်ထိန်းသိမ်းပါ။ သင့်အသားအရေ ထိန်းသိမ်းသလို မျက်ခုံးမွှေးကိုလည်းဂရုစိုက် ထိန်းသိမ်းဖို့လိုပါတယ်။ မျက်ခုံးမွှေးကို သံလွင်ဆီ၊ ကြက်ဆူဆီ လိမ်းပေးပြီး လက်နဲ့ ခပ်ဖွဖွလေး နှိပ်ပေးမယ်ဆိုရင်လည်း မျက်ခုံးမွှေးကို သန်စွမ်းစေပါတယ်။

မှန်ကန်တဲ့ မျက်ခုံးမွှေးပုံစံကို ပုံဖော်ထားပါ

သင့်မျက်နှာနဲ့ လိုက်ဖက်ပြီး မှန်ကန်တဲ့ မျက်ခုံးမွှေးပုံစံကို ပုံဖော်ထားပါ။ မျက်ခုံးမွှေး အတန်းလိုက်ကြီးက သိပ်မမိုက်ပါဘူး။ နည်းနည်းခုံးခုံးလေး ပုံဖော်တာက ပိုမိုက်ပါတယ်နော်။

ရေနွေးလေးနဲ့ ဆေးပါ

မျက်ခုံးမွှေးကို သန်စွမ်းစေဖို့အတွက် တဘက်ကို ရေနွေးနွေးလေး ဆွတ်လိုက်ပြီး မျက်ခုံးမွှေးကို ခပ်ဖွဖွလေး သုတ်ပေးလိုက်ပါ။ မျက်ခုံးမွှေးနားက ချွေးပေါက်တွေကို ပွင့်စေပြီး မျက်ခုံးမွှေးနှုတ်ရမှာလည်း ပိုပြီးလွယ်ကူစေပါတယ်။

မျက်ခုံးမွှေးအစ၊ အလယ်၊ အဆုံးကို သေချာမှတ်ပြီးဆွဲပါ

မျက်ခုံးမွှေးဆွဲတဲ့နေရာမှာ မျက်ခုံးမွှေး အစ၊ အလယ်ခုံးတဲ့နေရာ၊ အဆုံးနားကို သေချာဂရုတစိုက်ဆွဲပေးရပါမယ်။ ဒါမှ ပြီးပြည့်စုံပြီး လှပတဲ့ မျက်ခုံးမွှေးတစုံ ရရှိစေမှာပါ။

မျက်ခုံးမွှေးထူတဲ့သူတွေက ညှပ်ပေးပါ

မျက်ခုံးမွှေးအရမ်းရှည်တဲ့အခါ နည်းနည်းလေး ညှပ်ပေးလိုက်ပါ။ ဒါမှ မျက်ခုံးမွှေးက တစ်ညီတည်းဖြစ်ပြီး ပိုလှစေမှာပါ။

မျက်ခုံးမွှေးတွင်းဖက်ကို ဖြည့်ပါ

မျက်ခုံးမွှေးဆွဲတဲ့အခါ မျက်ခုံးအတွင်းဖက်ကို ပြည့်ပြီးဆွဲပေးပါ။

မျက်ခုံးမွှေးဆွဲတဲ့အခါ Gel သုံးနိုင်ပါတယ်

မျက်ခုံးမွှေးဆွဲတဲ့အခါ ပိုလှပြီး ပိုတာရှည်ခံဖို့အတွက် Eyebrow Gel (သို့) Mascara သုံးနိုင်ပါတယ်။

Source: www.herbeauty.com

By: MyStyle Myanmar