ဝိတ်သာလျော့ချင်ပေမယ့် GYM သွားဖို့၊ အိမ်မှာပဲလေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ တော်တော်လေးကိုခက်ခဲတဲ့အရာလိုပါပဲ။ စိတ်ကပါပေမယ့် ပျင်းနေတဲ့အတွက်ကြောင့် မလုပ်မိတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်ချင်သူတွေအတွက် လိုက်တော့လုပ်ကြည့်သင့်တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပန်းကန်အသေးကိုပဲ အသုံးပြုပါ

ထမင်းစားတဲ့အခါမှာပဲဖြစ်ဖြစ်၊ တစ်ခုခုစားတဲ့အခါမှာပဲဖြစ်ဖြစ် ပန်းကန်အသေးကိုပဲ အသုံးပြုသင့်ပါတယ်။ သုံးတဲ့ပန်းကန်ကသေးနေတဲ့တော့ အများကြီးစားလို့မဝင်တော့ဘူးပေါ့။

လှေကားကိုပဲအသုံးပြုပါ

တစ်နေရာရာကိုသွားတဲ့အခါမှာ ဓာတ်လှေကားတွေနဲ့၊ စက်လှေကားအစား လှေကားထစ်တွေကို အသုံးပြုမယ်ဆိုရင် လေ့ကျင့်ခန်းတစ်ခါထဲလုပ်ပြီးသားဖြစ်ပြီး သင့်ကိုယ်အလေးချိန်ကိုလည်း လျော့ကျလာစေမှာပါ။

ပရိုတင်းဓာတ်ပါတာ များများစားပါ

ပရိုတင်းဓာတ်ပါတာတွေကို စားပေးမယ်ဆိုရင် သင့်ကိုဗိုက်ဝနေတယ်လို့ ခံစားရစေတာကြောင့် မကြာခဏစားချင်စိတ်ကိုလည်း ထိန်းပြီးသားဖြစ်မှာပါ။ ဒါကြောင့် မနက်စာကို ကြက်ဥစားပေးဖို့က အသင့်တော်ဆုံးပါပဲ။

အစားအစာတွေသွားဝယ်တဲ့အခါမှာ

တစ်ပတ်စာအတွက် အိမ်မှာစားဖို့စားစရာတွေသွားဝယ်တဲ့အခါမှာ ဗိုက်ပြည့်အောင် အရင်လုပ်သွားဖု့ိလိုပါတယ်။ ဗိုက်ဆာနေတဲ့အချိန်မှာ အစားစာထွက်ဝယ်မယ်ဆိုရင် အများကြီးဝယ်မိစေနိုင်ပါတယ်။ ဗိုက်ပြည့်နေတဲ့အချိန်မှာဆိုတော့ သင့်နဲ့သင့်တော်မယ့် အစားအစာ၊ ဝိတ်မတက်စေမယ့်အရာမျိုးတွေကို ပိုရွေးချယ်မိစေမှာပါ။

များများမတ်တပ်ရပ်ပေးပါ

အမြဲတမ်းထိုင်နေတဲ့သူတွေက ဝိတ်တက်ဖို့ပိုပြီးတော့ အခွင့်အရေးများပါတယ်။ လုပ်ငန်းခွင်ထဲကိုဝင်နေရတဲ့သူဆိုရင်တောင် တစ်နာရီပြည့်တိုင်းမှာ ၁မိနစ်လောက်ထပြီး မတ်တပ်ရပ်ပေးမယ်ဆိုရင်လည်း ဝိတ်လျော့စေဖို့အထောက်အပံ့ကောင်းတစ်ခုပေါ့။

ရေများများသောက်ပေးပါ

ရေများများသောက်ပေးခြင်းက ခန္ဓာကိုယ်အတွက်ရေဓာတ်ကို ပြည့်ဝစေတဲ့အပြင် မကြာခဏဆာလောင်ခြင်းကိုလည်း တားဆီးနိုင်တာကြောင့် ဝိတ်ကျချင်တဲ့သင့်အတွက်တော့ အထောက်အကူဖြစ်စေမှာပါ။

ဒီအချက်တွေကတော့ ဝိတ်လျော့ချင်ပေမယ့် ပျင်းနေတဲ့သူတွေအတွက်လိုက်နာသင့်တဲ့အရာတွေပါ။ ဒါတွေအပြင် လမ်းကိုလည်းပုံမှန်လျှောက်ပေးမယ် ကယ်လိုရီတွေကိုလည်းသေချာကြည့်ပြီး စားသောက်မယ်ဆိုရင်တော့ ကျန်းမာပြီးလှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။