ဒီတစ်ခါမှာတော့ လူငယ်ကောင်မလေးတွေအတွက် Selfie ရိုက်တဲ့အခါမှာ အသုံးဝင်မယ့် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီတိုင်းကင်မရာကိုကြည့်ပြီး ပြုံးရိုက်နေတာထက်စာရင် အပြောင်းအလဲဖြစ်အောင် ဒီပို့စ်အိုင်ဒီယာလေးတွေကို Try ကြည့်လိုက်နော်။

Mirror Selfie ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးတွေကို အသုံးချကြည့်နော်။

ဒီပုံလေးကတော့ ချစ်ဖို့ကောင်းပြီး လူငယ်ဆန်တဲ့ ပို့စ်လေးပါ။

ပို့စ်သိပ်မလုပ်တတ်လည်း မပူပါနဲ့။ ဒီပို့စ်လေးတွေအတိုင်း Selfie ရိုက်ကြည့်နော်။

ဒီပို့စ်လေးကတော့ လက်အနေအထားနဲ့ မျက်နှာထားက အသက်ပါပဲ။

ကိုရီးယားမလေးတွေ ရိုက်နေကျ Selfie ပို့စ်လေးပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဆွဲဆောင်မှုရှိသလို လှလည်းလှတဲ့ ပို့စ်လေးပါ။ ဒီအတိုင်းလေး Selfie ရိုက်မယ်ဆိုရင် ဆံပင်ကိုဖားလျးမချထားပါနဲ့။ လက်သည်းပုံဖော်ထားလို့ လက်သည်းအလှပြချင်ရင်လည်း ဒီပို့စ်လေးက အသုံးဝင်တယ်နော်။

ကြောင်လေးနဲ့ ဒီလို Selfie ရိုက်လို့လည်း ရပါသေးတယ်။ ချစ်ဖို့ကောင်းပါတယ်။

အခုခေတ်စားနေတဲ့ ဒီလိုမျက်မှန်လေးတွေတပ်ပြီး အထာကျကျ လူငယ်ဆန်ဆန်လေး ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်ပါ။

Mirror Selfie ဆိုရင် ဒီလိုလေးရိုက်ကြည့်နော်။

အထာကျပြီးမိုက်တဲ့ ပို့စ်လေးပါပဲ။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ကိုလည်း ပေါ်လွင်စေပါတယ်။

အအေးဘူးလေးကိုင်ထားရင်တော့ ဒီပို့စ်လေးကို အသုံးချကြည့်နော်။

ကားထဲမှာ Selfie ရိုက်တဲ့အခါ နေပူနေရင် ဒီလိုနေကာတဲ့ပို့စ်လေးကို အသုံးချလို့လည်း ရပါသေးတယ်။

Photo source:www.pinterest.com