ဓာတ်ပုံရိုက်တဲ့အခါမှာ မပြုံးမရယ်တတ်တဲ့သူတွေ ရှိပါတယ်။ အဲ့လိုသူတွေက အချေပုံစံလေးတွေ၊ ဆွဲဆောင်မှုရှိတဲ့ပုံစံလေးတွေနဲ့ ပိုလိုက်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်တဲ့အခါမှာ မပြုံးမရယ်တတ်တဲ့သူတွေအတွက် အသုံးဝင်မယ့် ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပုံလေးကတော့ ရိုက်ပေးတဲ့သူသာ သေချာရိုက်တတ်ရင် အရမ်းမိုက်တဲ့ပုံလေး ထွက်လာမှာ သေချာပါတယ်။

မပြုံးမရယ်တတ်ရင် ကင်မရာကိုမကြည့်ပဲ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အရမ်းလှတာပါပဲ။

မပြုံးမရယ်တတ်တဲ့သူတွေက ကင်မရာမကြည့်တဲ့ပုံလေးတွေသာ များများရိုက်ပါ။ ဒီပို့စ်လေးဆိုလည်း လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

တစ်ချို့ကျတော့ မတ်တပ်ရပ်ရိုက်ရင် မပြုံးမရယ်တတ်တဲ့အပြင် လက်ကိုလည်း ဘယ်နားထားရမှန်းမသိဘူး ဆိုတဲ့သူတွေ ရှိပါတယ်။ အဲ့လိုသူတွေက ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်ပါ။

ဆိုင်မှာထိုင်ရိုက်တဲ့အခါ အနီးကပ်ဆိုရင် ဒီလိုအချေပုံလေး ရိုက်ကြည့်နော်။

မပြုံးမရယ်တတ်ရင် အနီးကပ်မရိုက်ပဲ အဝေးကနေ တစ်ကိုယ်လုံးပုံလေးတွေ ရိုက်တာမျိုးက အရမ်းအဆင်ပြေပါတယ်။မိန်းကလေးဆန်ဆန်လေး ဝတ်စားထားတဲ့ အခါမှာဆိုရင်တော့ ဒီအတိုင်းလေးသာ ပို့စ်ပေးကြည့်ပါ။

ကင်မရာမကြည့်ပဲ အောက်ငုံ့နေတဲ့ပုံလေးကို ရုပ်တည်နဲ့နေပြီး ဒီလိုလေးပို့စ်ပေးတာကလည်း အထာကျပြီးမိုက်ပါတယ်။

မပြုံးမရယ်တတ်ရင် ဒီလိုချေမိုးနေတဲ့ပုံလေးတွေ များများရိုက်လို့ရတယ်နော်။

ပို့စ်တွေရိုးလာပြီထင်ရင် ဒီလိုလေး Try ကြည့်ပါ။ အမြင်တစ်မျိုးလေးဆန်းပြီး လှပါတယ်။

ကော်ဖီသောက်နေတဲ့ပုံလေးကို မပြုံးမရယ်တတ်တဲ့သူတွေက ဒီလိုလေးရိုက်လို့ရပါတယ်။

ဒီပို့စ်လေးဆိုရင်လည်း ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

Photo source:www.pinterest.com