တစ်ယောက်ထဲရိုက်ရင်တော့ ပို့စ်ပေးတတ်ပြီး သူငယ်ချင်းတွေနဲ့ ရိုက်တော့မယ်ဆိုရင် ဘယ်လိုနေရမှန်းမသိ ဖြစ်နေတဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့ဓာတ်ပုံရိုက်ရင် ပို့စ်မပေးတတ်တဲ့သူတွေအတွက် အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ခရီးသွားတဲ့အခါ သူငယ်ချင်းတွေ အုပ်စုလိုက် ဒီလိုလေးရိုက်ကြည့်ပါ။ ချစ်ဖို့လည်းကောင်းပါတယ်။

ဒီပို့စ်လေးဆိုရင် ဘယ်နေရာမျိုးမှာမဆို လိုက်ဖက်နေမယ့် ပို့စ်လေးပါ။ စတိုင်လ်ကျပြီး ချစ်ဖို့ကောင်းနေမှာပါ။

သူငယ်ချင်းတွေ staycation ရင်ပဲဖြစ်ဖြစ်၊ ခရီးသွားရင်ပဲဖြစ်ဖြစ် တူတူစုနေဖြစ်တဲ့အခါ ဒါမျိုးလေးလည်း ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပြီး အမှတ်တရလည်း ဖြစ်စေပါတယ်။

အရမ်းချစ်ဖို့ကောင်းတဲ့ ပို့စ်လေးဖြစ်ပါတယ်။ သူငယ်ချင်း ၃ ယောက်ရိုက်ရင် ဒီပို့စ်လေး ရိုက်ဖြစ်အောင် ရိုက်ကြည့်ပါ။

သူငယ်ချင်းတွေ ရယ်မောပြီး လမ်းလျှောက်လာတဲ့ပုံစံလေး ရိုက်တာလည်း ချစ်ဖို့ကောင်းပါတယ်။

သူငယ်ချင်းနှစ်ယောက်ဆိုလည်း ရယ်မောပြီး ဒီလိုလေးရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဒီပို့စ်လေးကတော့ လူငယ်ကောင်မလေးတွေကြားမှာ ရေပန်းစားတဲ့ ပို့စ်မျိုးလေး ဖြစ်ပါတယ်။

သူငယ်ချင်းတွေ road trip သွားတဲ့အခါ၊ ခရီးသွားတဲ့အခါတွေမှာ ဒီလိုပို့စ်လေးတွေနဲ့ ရိုက်လို့ရပါသေးတယ်။

သူငယ်ချင်းနှစ်ယောက် ဒီလိုပုံလေးရိုက်မယ်ဆိုရင်တော့ တစ်မျိုးလေးဆန်းပြီး လှနေမှာ သေချာပါတယ်။

ဒါမျိုးလေးလည်း ရိုက်လို့ရပါသေးတယ်။ ပေါ့ပေါ့ပါးပါးပုံစံလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com