ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ မိန်းကလေးတိုင်းအတွက် အသုံးဝင်စေမယ့် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံတစ်ခါရိုက်ပြီဆိုရင် ဘယ်လိုနေရမလဲမသိဘူး၊ ပို့စ်သိပ်မလုပ်တတ်ဘူးဆိုတဲ့ သူတွေအတွက်တော့ ပိုပြီးအသုံးဝင်မှာပါ။

လက်တင်စရာတန်းလေးတွေရှိရင် ဒီလိုလေးပို့စ်ပေးရိုက်လို့ ရပါတယ်။ ချစ်ဖို့လည်းကောင်းသလို လှလည်းလှပါတယ်။

ထိုင်ရိုက်တဲ့အခါမှာဆိုရင် ခန္ဓာကိုယ်အနေအထားက အရေးကြီးပါတယ်။ ကုန်းကုန်းကြီးဖြစ်နေရင် အဆင်မပြေပါဘူး။ ခြေထောက်ကအစ သေချာထားတတ်ဖို့ လိုပါတယ်။ ဒါကြောင့် ထိုင်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးကို try ကြည့်ပါ။ အရမ်းလှပါတယ်။

အောက်မှာထိုင်ရိုက်မယ်ဆိုရင် ဒါမျိုးလေးပို့စ်ပေးကြည့်ပါ။ လူငယ်ဆန်ပြီး အထာကျကျနဲ့ ချစ်ဖို့ကောင်းသလို မိုက်လည်းမိုက်ပါတယ်။

လုံးဝ cute type ဖြစ်တာလေး ကြိုက်တယ်ဆိုရင်တော့ ဒီပို့စ်လေးကိုသာ try ကြည့်ပါ။

ထိုင်နေတဲ့နေရာမှာ ဘေးဘက်လက်တင်စရာ တစ်ခုခုရှိရင် ဒီပို့စ်လေးအတိုင်း ရိုက်လို့ရပါတယ်။

ဒီပို့စ်ဆိုရင် လုံးဝကိုအထာကျပြီး မိုက်နေစေမယ့်ပုံစံလေးပါ။

လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပါပဲ။ ခရီးသွားတဲ့အခါမှာလည်း အရမ်းအသုံးဝင်တဲ့ပို့စ်ပါ။

အခုနောက်ပိုင်းမှာ ခြေထောက်တစ်ဖက်မြှောက်တဲ့ပို့စ်က အရမ်းခေတ်စားနေတာကြောင့် ဒီလိုလေးတွေလည်း ရိုက်ကြည့်ပါ။

ထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးတာလည်း လှပါတယ်။

ကော်ဖီဆိုင်တွေမှာ ထိုင်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးက မိန်းကလေးဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံလေးနဲ့ လှနေစေပါတယ်။

Photo source:www.pinterest.com