မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတာ ဝါသနာပါတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေလိုက်တယ်နော်။

၁။ ကော်ဇွန်းကိုသုံးမယ်

Mascara ချယ်ရာမှာ မျက်လုံးအောက်မှာမပေစေဖို့အတွက် ကော်ဇွန်းကို သုံးပြီး ချယ်ပေးပါ။ အခုမှ မိတ်ကပ်စလိမ်းတဲ့သူတွေအတွက်လည်း အဆင်ပြေမှာဖြစ်ပါတယ်။

၂။ တိပ်ကိုဒီလိုသုံးမယ်

Eyeliner မဆိုးတတတ်တဲ့သူတွေအတွက် တိပ်ကို မျက်လုံးအောက်နားမှာ အခုလိုမျိုးကပ်ပေးပြီး ဆွဲပေးလိုက်ပါ။

၃။ Liner အဖြူကို မျက်ခုံးအောက်မှာလိမ်းနိုင်ပါတယ်

မျက်ခုံးမွှေးဆိုးပြီးလို့ Highlighter မရှိဘူးဆိုရင် လိုင်နာအဖြူကို မျက်ခုံးအောက်မှာ လိမ်းပေးလိုက်ပါ။ လိုင်နာအဖြူဆိုတာကလည်း ခဲတံလိုမျိုးလိုင်နာကို ပြောတာပါနော်။ ပြီးရင် ခပ်ဖွဖွလေပြန်ဖြည်ပေးလိုက်ပါ။

၄။ နှုတ်ခမ်းနီကို ဒီလိုဆိုးမယ်

နှုတ်ခမ်းနီကို အပြင်ပိုင်းမှာ နှုတ်ခမ်းအရောင်နည်းနည်းပို ရင့်တာနဲ့ ပုံဖော်ပြီး အထဲမှာ အရောင်နည်းနည်းဖျော့တာ ဆိုးပေးလိုက်ပါ။

၅။ Blend လုပ်ဖို့မမေ့ပါနဲ့

Eyshadow ပဲဆိုးဆိုး၊ ပါးနီပဲချယ်ချယ်၊ ပါးရိုးပဲဖော်ဖော် Blend လုပ်ဖို့မမေ့ပါနဲ့။ Blush နဲ့လည်း Blend လုပ်နိုင်သလို Blender ကိုသုံးပြီးလည်း Blend လုပ်နိုင်ပါတယ်။

၆။ ဆံပင်ကိုဒီလိုစည်းပါ

သိပ်ပြီး အခက်ကြီးမဟုတ်ပါဘူး။ ဆံပင်နည်းနည်းကို ကျစ်ဆံမြီးအရင်ကျစ်လိုက်ပြီး စည်းလိုက်ပါ။ ပြီးရင် ဆံပင်လေးတွေနဲ့ ပြန်ရစ်ပတ်ပြီး ကလစ်ထိုးလိုက်ပါ။

တစ်ဝက်လည်းစည်းလို့ရပါတယ်။ တစ်ဝက်စည်းပြီး ဒီအတိုင်းချထားတာမဟုတ်ဘဲ ကျစ်ဆံမြီး ခပ်ပွပွလေးကျစ်ပေးလိုက်ပါ။