အခုက နည်းပေါင်းစုံနဲ့ ခိုးနေကြတာ၊ ခါးပိုက်နှိုက်တွေကလည်း ပေါမှပေါပဲ။ ဒီလိုခေတ်ကြီးထဲမှာ အမြဲသတိနဲ့သွား၊ သတိနဲ့နေဖို့ အရမ်းအရေးကြီးပါတယ်နော်။ ဒါကြောင့် ခါးပိုက်နှိုက်မခံရအောင် ကိုယ်တတ်နိုင်သလောက်လေးတွေ ကြိုတင်ကာကွယ်တတ်ဖို့အတွက် လူတိုင်းသိထားဖို့လိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ရှော့ပင်းထွက်တဲ့အခါမှာ အမျိုးသမီးတွေ ပိုက်ဆံအိတ်ကို ဈေးဝယ်ခြင်းထဲ ပြီးစလွယ်ထည့်မထားပါနဲ့။ လက်ထဲမှပိုက်ဆံအိတ်ကိုင်ထားပြီးလည်း ဝယ်မယ့်ပစ္စည်းကို အရမ်းအာရုံစိုက်ထားတာမျိုးမလုပ်ပါနဲ့။ ခြင်းထဲထည့်ပြီး သော့ကြိုးတွေနဲ့ချည်ထားပါ။ ဒါမှ အိတ်ဆွဲပြေးလို့မရမှာ။

တစ်ယောက်ထဲခရီးသွားတဲ့အခါ၊ အပြင်သွားတဲ့အခါမှာ ပိုက်ဆံတစ်သောင်းတန်တို့၊ ငါးထောင်တန်တို့ဆိုရင် ပီကေဘူး (သို့) သကြားလုံးဘူး အဖြူလေးထဲထည့်သွားပါ။ ပိုက်ဆံအိတ်ထဲမှာတော့ အကြွေတွေပဲထည့်ထားပေါ့။ ခါးပိုက်နှိုက်ကပိုက်ဆံအိတ်ကိုပဲ နှိုက်မှာ ပီကေဘူးကိုမနှိုက်ဘူးနော်။

ယောင်္ကျားလေးတွေဆိုရင် ပိုက်ဆံအိတ် ၂ လုံးဆောင်ထားပါ။ တစ်လုံးကို ပိုက်ဆံထည့်ပြီး နောက်တစ်လုံးကိုတော့ ဘာပိုက်ဆံမှမထည့်ပဲ Fake အနေနဲ့ ယူသွားရမှာပါ။ ပိုက်ဆံမထည့်ထားတဲ့အိတ်ကို မြင်သာအောင် လူတော်တော်များများထည့်နေကျနေရာမှ ထည့်ပြထားပြီး ပိုက်ဆံထည့်ထားတဲ့အိတ်ကိုတော့ အင်္ကျီအတွင်းဘက်မှာထည့်ထားပါ။

အမျိုးသမီးတွေအနေနဲ့ ပိုက်ဆံအိတ်ကို လက်ကဆွဲရတဲ့၊ ကိုင်ရတဲ့အိတ်မျိုး မကိုင်ပါနဲ့။ လှစ်ခနဲ့အိတ်ယူပြေးသွားလို့ရတယ်နော်။ Crossbody Bag လို့ခေါ်တဲ့ ကြိုးရှည်နဲ့ စလွယ်သိုင်းလို့ရတဲ့ အိတ်တွေသုံးပါ။ စလွယ်သိုင်းထားပြီး အရှေ့ဘက်မှာထားလိုက်ရင် ခါးပိုက်နှိုက်က အလွယ်တကူ အိတ်ကိုနှိုက်လို့ မရနိုင်ပါဘူး။

ပိုက်ဆံအိတ်ထဲမှာ ကိုယ့်ကိုဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လေးကို ကတ်နဲ့ရေးပြီးထည့်ထားပါ။ ခါးပိုက်နှိုက်က အိတ်ကိုနှိုက်သွားပြီး ပိုက်ဆံအိတ်ကိုပစ်ခဲ့ရင် သင့်မှတ်ပုံတင်ပါသွားတာမျိုးဆို တွေ့တဲ့သူက ဆက်သွယ်ပေးတာမျိုး ရှိလာနိုင်ပါတယ်။

Photo Source: www.brightside.me