အားလုံးပဲ မင်္ဂလာပါ။ နတ်သမီးတစ်ပါးလို ပြီးပြည့်စုံတဲ့အလှအပပိုင်ဆိုင်ဖို့ဆိုတာ ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေအသုံးပြုမှ မှန်ရှေ့မှာ နာရီကြာကြာအလှပြင်မှ လှတာမဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် ဖြတ်လမ်းနည်းလမ်းတွေကို အသုံးပြုပြီး အလှပြင်မယ်ဆိုရင် အချိန်တိုအတွင်း မြန်မြန်အလှပြင်နိုင်တာကြောင့် အချိန်လုနေရတဲ့ပျိုမေလေးတွေအတွက် အသင့်တော်ဆုံးပါပဲ။

ခက်ရင်းအသုံးပြုပြီး နှာတံဖော်ခြင်း၊ မျက်ခုံးမွှေးဆွဲခြင်း၊ Eyeliner ဆွဲတဲ့အခါ တောင်ပံလေး တပ်ပေးလိုက်ခြင်း စတာတွေကို မြန်မြန်ပြုလုပ်နိုင်ပါတယ်။

Smokey မျက်လုံးလေးကို အချိန်တိုအတွင်းပုံဖော်နိုင်ဖို့ မျက်ခွံအပေါ်ထောင့်နားမှာ ကြက်ခြေခတ်နှစ်ခုဆွဲပြီး Blend လုပ်လိုက်ပါ။

မျက်တောင်ကော့တဲ့အခါ မျက်လုံးနားတစ်ဝိုက်မပေကျံအောင်လို့ ဇွန်းအသုံးပြုလို့ရသလို မျက်ခုံးမွှေးဆွဲလို့လည်းရပါတယ်။

ကော့ညွှတ်တဲ့ မျက်တောင်လေး တစ်နေကုန်တာရှည်ခံအောင်လို့ ဆံပင်လေမှုတ်စက်အသုံးပြုပါ

မျက်တောင်ကော့စက်ကို ဆံပင်လေမှုတ်စက်နဲ့ အပူပေးပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ မျက်တောင်ကော့ပေးလိုက်ပါ။ ကော့ညွှတ်တဲ့မျက်တောင်လေးတွေကို တစ်နေကုန်ပိုင်ဆိုင်နိုင်ပါပြီ။

နှုတ်ခမ်းဖူးဖူးလေးဖြစ်ဖို့

ပုံမှာပြထားတဲ့အတိုင်း နှုတ်ခမ်းအလယ်နားတစ်ဝိုက်မှာ Lip Gloss လေး ဆိုးပေးလိုက်ပါ။

မျက်တောင်မွှေးလေး ပိုပြီးထူထဲအောင်လို့ ဘေဘီပေါင်ဒါအသုံးပြုပါ

အရင်ဆုံး မျက်တောင်ကော့ဆေးနဲ့ မျက်တောင်လေးကော့လိုက်ပါ။ ဒုတိယအဆင့်အနေနဲ့ မျက်တောင်ကော့ဆေး စိုနေတဲ့အချိန်မှာပဲ ဘေဘီပေါင်ဒါလေးကို မျက်တောင်ပေါ်ဖြူးလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ Mascara ကို နောက်တစ်ထပ် ထပ်ဆိုးပေးလိုက်ပါ။ မျက်တောင်မွှေးလေး ထူထူထဲထဲဖြစ်သွားပါလိမ့်မယ်။

ဆိုးထားတဲ့ နှုတ်ခမ်းနီလေး မပျက်သွားဖို့အတွက်

ရေသောက်တဲ့အခါ၊ ကော်ဖီသောက်တဲ့အခါ ဖန်ခွက်နှုတ်ခမ်းမှာ နှုတ်ခမ်းနီလေး ပေကျံသွားပြီး နှုတ်ခမ်းနီပျက်သွားတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် နှုတ်ခမ်းနီဆိုးပြီးတဲ့အခါ တစ်သျှူးလေးနဲ့ နှုတ်ခမ်းပေါ်ပိတ်ထားလိုက်ပြီး ဘရက်ရှ်အသုံးပြုကာ မိတ်ကပ်ပေါင်ဒါလေး လိမ်းလိုက်ပါ။ အစားအသောက်စားလိုက်တိုင်း နှုတ်ခမ်းနီပျက်သွားမှာ မဟုတ်တော့ပါဘူး။

Source: Brightside.me