အခုခေတ်မှာ နေနေကြတဲ့ အမျိုးသမီးတို့အနေနဲ့ အလှအပနဲ့ပတ်သက်ပြီး ပိုက်ဆံတွေကုန်ရတယ်ဆိုတာ ဘယ်လိုမှ မငြင်းဆန်နိုင်တဲ့ အမှန်တရားပါ။ သုံးနေတဲ့ပစ္စည်းက ကုန်လို့ဝယ်ရတာဖြစ်ဖြစ် မသုံးတာကြာလို့ သုံးမရတော့လို့ လွှင့်ပစ်လိုက်ရပြီး အသစ်ပြန်ဝယ်ရတာဖြစ်ဖြစ် ပိုက်ဆံက ကုန်ကိုကုန်ပါတယ်။

ဒါကြောင့် မိန်းကလေးအချင်းချင်း ကိုယ်ချင်းစာလို့ အမျိုးသမီးတို့အတွက် ပိုက်ဆံလည်းချွေတာနိုင်ပြီး တစ်နေ့တာမှာလည်း အသုံးဝင်စေမယ့် Life Hacks လေးတွေကို ဝေမျှပေးချင်ပါတယ်။

၁။ ညစ်ပတ်နေတဲ့ဖြောင့်စက်

ဖြောင့်စက်ဖြစ်ဖြစ် ကောက်စက်ဖြစ်ဖြစ် ဆံပင်အလှကုန်ပစ္စည်းတွေ ပေကျံပြီး အညစ်အကြေးတွေ အလွယ်တကူ ကပ်ညိနေနိုင်တဲ့အပြင် သန့်ရှင်းရတာလည်း မလွယ်ကူပါဘူး။

မုန့်ဖုတ်ဆိုဒါနဲ့ ရေတို့ကို ပန်းကန်လုံးတစ်ခုထဲမှာ ရောစပ်ပြီးတော့ ဖြောင့်စက်မှာသုတ်လိမ်းပေးလိုက်ပါ။ ၁၀-၃၀ စက္ကန့်ထားပြီး တစ်သျှူးနဲ့ပြန်သုတ်လိုက်ပါ။ မုန့်ဖုတ်ဆိုဒါက ဘက်တီးရီးယားတွေကိုသေစေပြီး သန့်ရှင်းစေမှာဖြစ်ပါတယ်။

၂။ ခြောက်သွားတဲ့မျက်တောင်ကော့ဆေးဘူး

ကိုယ်မသုံးဖြစ်တာကြာသွားလို့ ခြောက်သွားတဲ့ မျက်တောင်ကော့ဆေးဘူးရှိနေတယ်ဆိုရင် လွှင့်မပစ်လိုက်ပါနဲ့။ ရေနွေးပူပူခွက်တစ်ခုထဲ မျက်တောင်ကော့ဆေးဘူးကို ထည့်လိုက်ပြီး မိနစ်အနည်းငယ်လောက်ထားပါ။

ရေနွေးရဲ့အပူက အထဲမှာခြောက်နေတဲ့ မျက်တောင်ကော့ဆေးကို ပျော်စေပြီး ပြန်သုံးလို့ရစေမှာပါ။

၃။ အသားခြောက်တာတွေအတွက်

ကိုယ်သုံးနေတဲ့ Lip Balm အတောင့်က ကျိုးသွားတယ်ဆိုရင် မလွှင့်ပစ်လိုက်ပါနဲ့။ သံဘူးတစ်ခုထဲပြောင်းထည့်ကာ ဖယောင်းတိုင်နဲ့အပူပေးပြီး အရည်ပျော်အောင်လုပ်ပါ။ ဘူးထဲမှာ ပြန်ခြောက်သွားပြီဆိုရင် တံတောင်တို့လို အသားခြောက်တဲ့နေရာတွေမှာ လိမ်းပေးလို့ရပါတယ်။

၄။ ဖောင်ဒေးရှင်းအရောင်မှားဝယ်လာရင်

အကယ်လို့ ကိုယ်ဝယ်လာတဲ့ ဖောင်ဒေးရှင်းအရောင်က ကိုယ်သုံးနေကျအရောင်မဟုတ်ဘဲ မှားပြီးဝယ်လာမိတယ်ဆိုရင် Moisturizer နဲ့ရောစပ်ပြီး အရောင်ပြန်ညှိနိုင်ပါတယ်။

၅။ လက်သည်းနီဘူး ခြောက်သွားရင်

ကိုယ့်မှာရှိတဲ့ လက်သည်းနီဘူးက မသုံးတာကြာလို့ ဆေးခြောက်သွားခဲ့ရင် မျက်စဥ်းထည့်ပေးလိုက်ပါ။

၆။ Concealer အဖြစ် ဖောင်ဒေးရှင်းအရောင်ဖျော့တာ သုံးနိုင်ခြင်း

ကိုယ်ဝယ်လာခဲ့တဲ့ ဖောင်ဒေးရှင်းအရောင်က တအားဖျော့နေပါသလား။ ချောင်ထိုးစရာလည်းမလို လွှင့်ပစ်စရာလည်းမလို သူများလည်းပေးပစ်စရာမလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ Concealer အဖြစ် အသုံးပြုနိုင်ပါတယ်။

Source: BrightSide