အရပ်ပုနေလို့ စိတ်ညစ်နေလား။ အရပ်ထွက်လာစေမယ့် လေ့ကျင့်ခန်းကိုပြောပြမယ်ဆိုရင် စိတ်မဆိုးလောက်ဘူးနော်။ ဒါ့ကြောင့် အရပ်ထွက်စေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ အရင်ဆုံး ဝမ်းလျားမှောက်နေပါ။ ပြီးရင် အနောက်ဖက် ခြေနှစ်ဖက်ကို ဆန့်ပြီးထုတ်လိုက်ပါ။ လက်နှစ်ဖက်ကိုလည်း အပေါ်မြင့်ပြီးမြောက်လိုက်ပါ။ ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းထားရမှာဖြစ်ပါတယ်။ ကိုယ်နေနိုင်သလောက်နေပါ။ ပြီးရင် ခဏနားပြီး ထပ်လုပ်ပါ။ ၅ ကြိမ်တိတိ လုပ်ပေးရမှာပါ။

၂။ အရင်ဆုံး ကိုယ်မတ်မတ်ထိုင်ပါ။ ပြီးရင် လက်တဒေါင်ကနေ လက်နှစ်ဖက်ကို အပေါ်မြောက်လိုက်ပါ။ ဘယ်ဖက်လက်နဲ့ ညာဖက်တဒေါင်ကို ကိုင်ပေးထားပါ။ ခါးကိုမတ်မတ်ထားပေးရပါမယ်။ ဖြည်းဖြည်းချင်းအသက်ရှုပါ။ ပြီးရင် ခဏနားပြီး ၁၀ ကြိမ်လုပ်ပါ။

၃။ အရင်ဆုံး ကျောလှဲနေမယ်။ ပြီးရင် ခြေထောက်နှစ်ဖက်ကို မြောက်လိုက်ပါ။ လက်နှစ်ဖက်ကိုလည်း တန်းတန်းဆန့်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွလိုက်ပါ။ အသက်ကို ခပ်ဖြည်းဖြည်းရှုလိုက် ထုတ်လိုက်လုပ်ပါ။ ကိုယ်နေနိုင်သလောက်နေပြီး ခဏနားပါ။ ပြီးရင် ၅ ကြိမ်လုပ်ပါ။

၄။ အရင်ဆုံး ဝမ်းလျားမှောက်နေပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို အပေါ်မြောက်ပါ။ လက်နှစ်ဖက်ကို အနောက်ပစ်လိုက်ပါ။ ရင်ဘတ်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို အပေါ်ကြွပေးပါ။ ပြီးရင် အဲဒီအတိုင်း နေနိုင်သလောက်နေပြီး ခဏနားပါ။ ၅ ကြိမ်လုပ်ပါ။

အရပ်ထွက်လာစေမယ့် ထိရောက်တဲ့လေ့ကျင့်ခန်းတွေ

၅။ ခန္ဓာကိုယ်ကို မတ်မတ်နေမယ်။ ခြေထောက်နှစ်ဖက်ကို စုထားမယ်။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကိုင်းပြီး လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ထိနိုင်သမျှ ထိအောင်လုပ်ပါ။ အကြောကိုလည်း ပြေစေမှာဖြစ်ပြီး အရပ်ရှည်ဖို့လည်း အထောက်အကူပြုပါတယ်။ ခဏနားပြီး ဆက်လုပ်ပါ။ ၅ ကြိမ်လုပ်ပါ။

၆။ အရင်ဆုံး ခြေထောက်ဆင်းပြီး မတ်မတ်ထိုင်ပါ။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကိုင်းပြီး လက်နှစ်ဖက်ကို ခြေဖဝါးနဲ့ ထိပေးပါ။ ၁၀ စက္ကန့်လောက်နေပြီး ဆက်လုပ်ပါ။ ၅ ကြိမ်လုပ်ပါ။

၇။ အရင်ဆုံး မှောက်လျက်နေမယ်။ ပြီးရင် ခြေဖဝါးကို ကြမ်းပြင်နဲ့ ထိမယ်။လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွပေးမယ်။ ပြီးရင် ခါးကိုဆန့်ထားပါ။ အဲဒီနောက် ကိုယ်နေနိုင်သလောက်နေပြီး ခဏနားပါ။ ပြီးရင် ထပ်လုပ်ပေးပါ။ ၅ ကြိမ်လုပ်ပါ။