အလှပဆိုတာ လူတိုင်းနဲ့မကင်းတဲ့အရာတစ်ခုပါပဲ။ အခုခေတ်ကြီးမှာ အလုပ်တွေရှုပ်နေကြလို့ အလှပအတွက် တကူးအက အချိန်မပေးဖြစ်တဲ့သူတွေလည်းရှိပါတယ်။ ဒါ့ကြောင့် စာဖတ်သူတို့အလှပအတွက် ပညာသားပါပြီး ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ လှပတဲ့ ဆံကေသာအတွက်

လှပတဲ့ဆံကေသာအတွက် ခေါင်းလျှော်ရည်နဲ့ ဆားရောပြီး ခေါင်းလျှော်ပေးပါ။ ဆံပင်အမြစ်လေးတွေကို အချိန်အတန်ကြာ သန့်ရှင်းစေလို့ သင့်ဆံကေသာကို အမြဲတမ်း သန့်ရှင်းတောက်ပြောင်နေစေမှာပါ။

၂။ မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးရှည်စေဖို့

ကုန်သွားပြီဖြစ်တဲ့ Mascara ဘူးကို လွှင့်မပစ်လိုက်ဘဲ သေချာသန့်အောင် ဆေးထားပါ။ ကြက်ဆူဆီ၊ ဗီတာမင် E နဲ့ ရှားစောင်းလက်ပပ်အနှစ်ကို နည်းနည်းဆီရောပေးလိုက်ပြီး Mascara ဘူးခွဲထဲကို ထည့်ပေးပြီး Mascara ဆိုးတဲ့အတံနဲ့ မျက်တောင်မွှေးနဲ့ မျက်လုံးမွှေးကို အိပ်ယာမဝင်ခင် ဆိုးပေးလိုက်ပါ။

၃။ မျက်ကွင်းညိုတာသက်သာစေဖို့အတွက်

အလုပ်မအားလို့ အလှပအတွက် အချိန်မပေးနိုင်သူတွေအတွက် ပညာသားပါတဲ့ အလှပဆိုင်ရာ လျှို့ဝှက်ချက် (၇) မျိုး

ကော်ဖီနှပ်ပြီးသောက်တတ်တဲ့သူတွေအနေနဲ့ ကော်ဖီမှုန့်ကို လွှင့်မပစ်လိုက်ပါနဲ့နော်။ အဲဒီကော်ဖီမှုန့်အကြမ်းနဲ့ အုန်းဆီကို ဆတူရောပြီး မျက်လုံးအောက်မှာ ၁၅ မိနစ်လောက်လိမ်းပေးထားပါ။ ပြီးရင်ရေဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်ကနေ ၄ ကြိမ်ထိလုပ်နိုင်ပါတယ်။

၄။ အသားအရေ ချောမွတ်စေဖို့

သင့်အသားအရေကို ချောမွတ်နေစေဖို့ သံပုယိုရည်၊ သကြား၊ ပျားရည် နဲ့ ရေတွေကို ရောလိုက်ပြီး အပူချိန်နည်းနည်းနဲ့သယ်ပေးထားပါ။ ညိုလာပြီဆိုရင် ကိုယ်မလိုချင်တဲ့ အမွှေးတွေရှိတဲ့နေရာကို လိမ်းပေးပြီး ခြောက်အောင်ထားကာ ခွာချပေးလိုက်ပါ။

၅။ လက်သည်းသန်မာဖို့

အုန်းဆီနဲ့ ပျားရည်ကို စတူရောပြီး လက်သည်းပေါ်မှာ သေချာလိမ်းပေးကာ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပေးလိုက်ပါ။

၆။ ဆားဝက်ခြံပျောက်ဖို့

ဆားဝက်ခြံအတွက် ရေနွေးလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပေးပြီး ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၇။ ချိုင်းကြားအသားအရေ ဖြူဝင်းစေဖို့

အာလူးကို ခြစ်လိုက်ပြီး ချိုင်းကြားမှာ လိမ်းပေးထားပါ။ နာရီဝက်လောက်ထားပြီး ရေဆေးချပါ။