အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့ကို ပိုပြီးကြည့်ကောင်းစေဖို့ ပိုပြီးစတိုင်လ်ကျနေစေဖို့ Vogue မဂ္ဂဇင်းရဲ့ ဂန္တဝင် စတိုင်လ်လစ်တစ်ဦးဖြစ်သူ Anna Harvey ရဲ့ အကြံပြုချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

ဖက်ရှင်ရေစီးကြောင်းတွေ အမြဲလိုလိုပြောင်းလဲနေပေမယ့် ဒီနည်းလမ်းကိုသာလိုက်နာပေးမယ်ဆိုရင်တော့ ဘယ်လိုဖက်ရှင်ရေစီးကြောင်းမှာမဆို အမြဲတမ်း အထာကျပြီး မိုက်နေစေမှာဖြစ်ပါတယ်နော်။

၁။သင့်အသက်အရွယ်နဲ့ ကိုက်ညီတာမျိုးပဲ အမြဲဝတ်စရာမလိုပါဘူး

ကိုယ်က အသက်အရွယ် အတန်အသင့်ရနေပြီမို့ အရောင်နုနုတွေ၊ အရောင်စုံတွေ မဝတ်ရဘူးလို့ မဆိုလိုပါဘူး။ ကိုယ့်အသက်အရွယ်နဲ့ အမြဲတမ်း လိုက်ဖက်မယ့် ၊ ကိုက်ညီမယ့် အဝတ်အစား အရောင်မျိုးကိုပဲ ဝတ်ရမယ်လို့ မဆိုပါဘူး။ တခါတလေ စည်းမျဉ်းဘောင်တွေကို ချိုးဖောက်လိုက်ပါ။

၂။ A ပုံစံ ဝတ်စုံလေးတွေဝတ်ပါ

သင့်ကို ပိုပြီး ကြည့်ကောင်း ၊ စတိုင်လ်ကျနေစေဖို့ စတိုင်လ်လစ်ရဲ့ အကြံပြုချက်တချို့

A ပုံစံ စကတ်လေးက လူတိုင်းနဲ့ လိုက်ဖက်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားကိုလည်း ပေါ်လွင်စေသလို ပေါ့ပေါ့ပါးပါးလည်းရှိစေပါတယ်။ အလုပ်သွားရင်ဖြစ်ဖြစ် ၊ ဒီအတိုင်း ထသွားထလာပဲဖြစ်ဖြစ် အဆင်ပြေပြီး အရမ်းမိုက်နေမှာသေချာပါတယ်နော်။

၃။ ဒီလို ဂါဝန်မျိုးဝတ်တဲ့အခါ သတိထားပါ

ဒီလိုဂါဝန်မျိုးက ခန္ဓာကိုယ်အချိုးအစားလှတဲ့သူတွေ ဝတ်ကြတာများပါတယ်။ အဓိကအားဖြင့် ခါးနဲ့ ဝမ်းဗိုက်ကို အသားပေးတဲ့ အဝတ်အစားမျိုးဖြစ်လို့ ဒီလိုဂါဝန်မျိုးကို ဝတ်ဆင်တဲ့အခါ သတိထားစေချင်ပါတယ်။

၄။ သင့်သမီးနဲ့အတူ ရှော့ပင်းထွက်ပါ

ဈေးဝယ်ထွက်တဲ့အခါ အမြင်ရှိတဲ့ သင့်သမီးလေးနဲ့အတူ သွားပါလို့ အကြံပြုချင်ပါတယ်။ သင့်သူငယ်ချင်းတွေကတော့ သင့်ကို အားနာလို့ လှတယ်လို့ပဲ အပေါ်ယံလောက်အကြံပေးနိုင်မှာဖြစ်ပေမယ့် သင့်သမီးကတော့ လှရင်လှတယ်။ မလှရင်မလှဘူးလို့ ရိုးရိုးသားသား အကြံပြုနိုင်မှာသေချာပါတယ်။

၄။ အရောင်တောက်တောက်ဝတ်ရမှာမကြောက်ပါနဲ့

အင်္ကျီဝတ်တဲ့အခါ အရောင်တောက်တောက်ဝတ်ရမှာကြောက်စရာမလိုပါဘူး။ အရောင်အတောက်လေးတွေက သင့်ကို လှစေမှာဖြစ်ပါတယ်။ အရောင်တောက်တောက်တွေ ဝတ်ဆင်တာကလည်း သင့်ကို တမူ ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်နော်။

၅။ ကိုယ်နဲ့ သင့်တော်တဲ့၊ ကွက်တိဖြစ်တဲ့ အဝတ်အစားကို ရွေးချယ်ပါ

သင်နဲ့ သင့်တော်၊ လိုက်ဖက်ပြီး ကွက်တိဖြစ်တဲ့ အဝတ်အစားတွေကို ရွေးချယ်ပေးသင့်ပါတယ်။ သင်နဲ့ ပိုကြီးတဲ့အဝတ်အစား၊ ကြပ်တဲ့အဝတ်အစားမျိုးက သင့်ကို သက်သောင့်သက်သာရှိစေမှာတော့မဟုတ်ပါဘူး။

၆။ သင့်အသားအရေနဲ့ သင့်တော်တဲ့ လိုက်ဖက်တဲ့ အသားကပ်ကိုရွေးချယ်ပါ

အသားကပ်ဘောင်းဘီတွေ ရွေးချယ်ဝတ်ဆင်တဲ့အခါ အသားညိုရင် အမည်းရောင်သန်းတာ၊ အသားဖြူရင်လည်း အသားရောင်သန်းတာမျိုးကို ဝတ်ဆင်ပေးသင့်ပါတယ်။

၇။ Legging ဘောင်းဘီကိုရှောင်ကျဉ်ပါ

Legging ဘောင်းဘီက သင့်ကိုလှစေပေမယ့်လည်း အင်္ကျီ အရှည်တွေ၊ တင်ဖုံးတဲ့အင်္ကျီတွေ နဲ့မှ လိုက်ဖက်သင့်တော်ပါတယ်။ မဟုတ်ရင်တော့ ဘောင်းဘီ ခပ်ပွပွ ဒါမှမဟုတ် Fitting ဖြစ်တဲ့ ဘောင်းဘီမျိုးကို ဝတ်ဆင်ပါ။

၉။ ပေါ့ပေါ့ပါးပါး Dress လေးတွေဝတ်ဆင်ပါ

ပေါ့ပေါ့ပါးပါးလည်းရှိပြီး သက်သောင့်သက်သာဖြစ်စေတဲ့ Dress လေးတွေက သင့်ကို အမြဲတမ်း စတိုင်လ်ကျစေမှာပါ။

၁၀။ သက်သောင့်သက်သာဖြစ်ဖို့က အဓိကပါပဲ

သင်နဲ့လည်း လိုက်ဖက်ပြီး သက်သောင့်သက်သာဖြစ်တဲ့ ဖက်ရှင်မျိုးက အလိုအပ်ဆုံးပါပဲ။ ကိုယ့်အဝတ်ဗီဒိုထဲမှာ အဝတ်အစားအမျိုးမျိုးရှိပေမယ့် သက်သောင့်သက်သာဖြစ်တဲ့ အဝတ်အစားကိုပဲ အဓိက ဝတ်ဆင်ဖြစ်ကြတာမဟုတ်လားရှင့်။

၁၁။ အင်္ကျီ လက်ရှည်လေးတွေဝတ်ပါ

အင်္ကျီ လက်ရှည်လေးတွေက ဘယ်နေရာ ဘယ်ဒေသမဆို လိုက်ဖက်သင့်တော်ဆုံး အဝတ်အစားဖြစ်ပါတယ်။ ဒါ့ကြောင့် အင်္ကျီ လက်ရှည် ဖက်ရှင်လေးတွေက သင်နဲ့ အလိုက်ဖက်ဆုံးပါပဲ။

Source: www.brightside.me

By: MyStyle Myanmar