MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တို့ရေ…ပဟေဋ္ဌိလေးတွေနဲ့ ဥာဏ်စမ်းလေးတွေကို မကြာမကြဆိုသလို ဖြေပေးခြင်းအားဖြင့် လူတစ်ယောက်ရဲ့ဦးနှောက်မှတ်ဥာဏ်နဲ့ အလုပ်လုပ်ပုံတွေကို ပိုပြီးအားဖြစ်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်နော်။

ဒါ့အပြင် ယနေ့ခေတ်ရဲ့ လူငယ်အများစုကလည်း သူတို့ကိုပဟေဋ္ဌိတစ်ခုခု ဖြေရှင်းခိုင်းပြီဆိုရင် ခေါင်းနှစ်ပြီးတော့ကို စူးစူးနစ်နစ် အဖြေရှာဖို့ကြိုးစားတတ်ကြပါတယ်။

အခုလိုမျိုး Challenge လုပ်ရတာကို သဘောကျသူတို့အတွက် လွယ်ကူပြီးပျော်စရာလည်းကောင်းတဲ့ ဥာဏ်စမ်းပဟေဋ္ဌိ (၁၀) ခုကို ဖော်ပြပေးမယ်နော်။

ပုံတစ်ခုတိုင်းအတွက် အဖြေတွေက တစ်ပုံချင်းစီရဲ့အောက်မှာရှိပေမယ့် အရင်ဆုံး ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားအဖြေရှာကြည့်ကာ မှန်မမှန်ပြန်တိုက်ကြည့်လိုက်ပါ။

၁။ အမှားတစ်ခုရှာပါ

အဖြေ − သူသုံးနေတာက ပုဆိန်မဟုတ်ပါဘူး။

၂။ အမှားတစ်ခုရှာပါ

အဖြေ − အရှေ့ဆုံးက ဖိုးဖိုးတစ်ယောက်ပဲ ခြေရာမပေါ်ပါဘူးနော်။

၃။ အမှားတစ်ခုရှာပါ

အဖြေ − အိမ်ခေါင်မိုးဆောက်တဲ့အခါ အောက်ခြေဖျားကနေစပြီး အပေါ်တက်သွားသင့်ပါတယ်။

၄။ အမှားနှစ်ခုရှာပါ

အဖြေ − သစ်ပင်လေတိုက်ရာလမ်းကြောင်းနဲ့ မီးခိုးတိုင်ကထွက်တဲ့ မီးခိုးလမ်းကြောင်းနှစ်ခုက မတူညီပါဘူး။ နောက်ပြီး အိမ်ထဲဝင်ဖို့အတွက် ဝင်ပေါက်မရှိပါဘူး။

၅။ အမှားတစ်ခုရှာပါ

အဖြေ − မြင်းနှစ်ကောင်မှာ သိုင်းကြိုးမပါပါဘူး။

၆။ အမှားတစ်ခုရှာပါ

အဖြေ − ခေါင်းမိုးပေါ် ခွေးရောက်နေပြီး ညာဖက်အစွန်က အနီရောင်နဲ့ ကောင်မလေးရဲ့မျက်ခုံးနှစ်ဖက်က ဦးထုပ်ပေါ်ရောက်နေပါတယ်။

၇။ အမှားနှစ်ခုရှာပါ

အဖြေ − စာအုပ်နာမည်က အပေါ်အောက်လွဲနေပြီး မီးအိမ်ဖွင့်ဖို့ ခလုပ်မပါပါဘူး။

၈။ အမှားတစ်ခုရှာပါ

အဖြေ − စမ်းချောင်းက ညာဖက်တစ်ခြမ်းမှာသာ ရှိနေပါတယ်။

၉။ အမှားသုံးခုရှာပါ

အဖြေ −

၁။ နာရီဂဏန်းတွေပြောင်းပြန်ဖြစ်နေပါတယ်။

၂။ ဇွန်လမှာ (၃၁) ရက်မရှိပါဘူး။

၃။ မိန်းကလေးစီးထားတာ ရှူးတစ်ဖက် ဘွတ်ဖိနပ်တစ်ဖက်ဖြစ်နေပါတယ်။

၁၀။ အမှားနှစ်ခုရှာပါ

အဖြေ −

၁။ ကောင်မလေးကိုင်ထားတာက ခက်ရင်းခွမဟုတ်ဘဲနဲ့ ဟင်းချက်တဲ့ယောက်မပါ။

၂။ ကလေးတွေအနောက်က ချုံပုတ်ထဲ ငါးမန်းရောက်နေပါတယ်။

Source: BrightSide