လူတိုင်း အသားအရေခြောက်သွေ့မှုကို ခံစားဖူးကြမှာပါ။ အထူးသဖြင့် ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့ကြပြီး အသားအရေနီတာ၊ ယားယံတာ၊ အသားပတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အသားအရေခြောက်လိုက်တာလို့ ထပ်ပြီးပြောစရာမလိုတော့ပါဘူး။

ခြောက်သွေ့တဲ့အသားအရေကို Goodbye လို့နှုတ်ဆက်နိုင်မယ့် နည်းလမ်းလေးတွေ

စာဖတ်သူတို့အတွက် ခြောက်သွေ့တဲ့အသားအရေကို Goodbye လို့နှုတ်ဆက်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ရေပူပူနဲ့ရေချိုးတာကိုရှောင်ပါ

ရေနွေးပူပူဟာ သင့်အသားရေအတွင်းပိုင်းကို ကာကွယ်ပေးထားတဲ့ အဆီတွေ ဖယ်ရှားပေးလို့ သင့်အသားအရေကိုခြောက်သွေ့စေပါတယ်။ ဒါ့ကြောင့် ရေချိုးမယ်ဆိုရင် ရေနွေးအရမ်းပူတာမျိုးနဲ့မဟုတ်ဘဲ ရေအနည်းငယ်နွေးတယ်ဆိုရုံလောက်နဲ့ ချိုးပေးပါ။ ၁၀ မိနစ်ထက်လည်း ရေပိုမချိုးသင့်ပါဘူး။

၂။ နူူးညံ့တဲ့ ဆပ်ပြာသုံးပါ

နူးညံ့တဲ့ ဆပ်ပြာကိုသုံးပေးပါ။ အလှကုန်ပစ္စည်းဆိုင်သွားတဲ့အခါမှာလည်း သင့်အသားအရေနဲ့ သင့်တော်မယ့်ဆပ်ပြာကို သေချာမေးပြီးဝယ်ပါ။

၃။ အရမ်းပွတ်တိုက်တာမျိုးမလုပ်ပါနဲ့

ရေချိုးပြီးတဲ့အခါ တဘက်နဲ့ ခန္ဓာကိုယ်အပေါ် ပွတ်တိုက်တာမျိုးမဟုတ်ဘဲ ခပ်ဖွဖွလေးသုတ်ပေးပါ။

၄။ သင့်အသားအရေကို ရေဓာတ်ဖြည့်ပါ

အသားအရေ ခြောက်သွေ့အက်ကွဲတာမျိုးမဖြစ်စေဖို့အတွက် ရေဓာတ်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ သင့်အသားအရေကို ရေဓာတ်ဖြည့်ပေးတဲ့အနေနဲ့ ရေချိုးပြီးတာနဲ့ ခရင်မ် (သို့) Lotion ချက်ချင်း လိမ်းပေးပါ။

၅။ ခန္ဓာကိုယ်အတွင်းပိုင်းကိုရေဓာတ်ဖြည့်ပါ

ရေများများသောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ အရက် စတဲ့ ရေဓာတ်ခမ်းခြောက်စေတဲ့ အရည်တွေ အစားအစာတွေကို ရှောင်ပါ။ ခန္ဓာကိုယ်အတွင်းပိုင်း ရေဓာတ်ပြည့်နေစေဖို့ အသီးအနှံ များများစားပါ။