အမျိုးသမီးတိုင်း မျက်ခုံးမွှေးထူထူမရှိကြပါဘူး။ မျက်ခုံးမွှေးဆွဲတိုင်း မညီမညာနဲ့ဖြစ်နေလို့ စိတ်ညစ်နေတဲ့ပျိုမေတို့အတွက် မျက်ခုံးမွှေးဆွဲနည်းလေးကို မျှဝေပေးချင်ပါတယ်။

လိုအပ်တဲ့ပစ္စည်းလေးတွေကိုတော့ ဝယ်ထားနော်

  • မျက်ခုံးမွှေးဆွဲတံ (အညိုသုံးပါ)
  • Brush ချောင်း
  • Concealer နဲ့ Concealer Brush
  • Vaseline အလှဆီ

မျက်ခုံးမွှေးဆွဲနည်း

၁။ မျက်ခုံးမွှေးဆွဲတံကို သုံးပြီး မျက်ခုံးမွှေးအောက်မှာ အဆင်းလေးဖြစ်အောင် ခပ်ဖွဖွလေး ခြစ်ပေးပါ။

၂။ မျက်ခုံးမွှေးအပေါ်မှာလည်း ပါးပါးလေး တစ်ကြောင်းဆွဲပေးပါ။

၃။ ပြီးရင် မျက်ခုံးမွှေးဆွဲတံနဲ့ပဲ မျက်ခုံးမွှေးထိတ်ကနေ ခပ်ပါးပါးလေးဆွဲလာပေးပါ။

တစ်ကြောင်းထဲဆွဲမဲ့အစား တစ်ခြစ်တခြစ်ချင်း ခြစ်ခြစ်ပြီး ဆွဲလာပေးရမှာပါ။

၄။ ပြီးရင် မျက်ခုံမွှေးအဆုံးနဲ့ မျက်လုံးအဆုံးနဲ့ နှာခေါင်းနားကို တပြေးတည်းဖြစ်ရဲ့လားတိုင်းပါ။ ဒါဆို ဘယ်လောက်မှာ မျက်ခုံးမွှေး အဆုံးကိုဆွဲရမလဲဆိုတာ သေချာသွားပါပြီ။ ပြီးရင် အဲဒီအဆုံးထားထိ ခပ်ပါးပါးဆွဲပေးပါ။

၅။ Concealer ကိုသုံးပြီး မျက်ခုံးမွှေးအောက်နားမှာ လိမ်းပေးပါ။

၆။ ပြီးရင် Mascara Brush ကိုသုံးပြီး မျက်ခုံးမွှေးပေါ်မှာ ခြစ်ပေးပါ။ ဒါဆိုသဘာဝအတိုင်းမျက်ခုံးမွှေးကို ရရှိလာပါပြီ။ အဲဒီလို ခြစ်ပေးနေစဉ်မှာ Vaseline ခရင်မ်ကို ပါးပါးလေးလိမ်းပေးပါ။

၇။ မျက်ခုံးမွှေးထိတ် အစနားမှာ လက်နဲ့ ခပ်ဖွဖွလေး ထပ်ပွတ်ပေးပါ။

၈။ ကဲ မျက်လုံးမှာ တခြားအရောင်တွေချယ်သလိုက်ပါတော့။