ပြစ်မျိုးမှဲ့မထင် အသားအရေကို လူတိုင်းပိုင်ဆိုင်ချင်ကြမှာပါ။ အသားအရေဟိုနားမညီ ဒီနားမညီတာ၊ စိုပြေမှုမရှိတာ အမည်းစက်တွေရှိနေတာတွေကို သက်သာပျောက်ကင်းစေဖို့ တခြားအလှကုန်ပစ္စည်းတွေ မလိုပါဘူး။ ဆန်ဆေးရည်လေးရှိရင်ပဲ ပြည့်စုံနေပါပြီ။

ဆန်ဆေးရည် ၁ ခွက်

သံပုရာသီး (သို့) သံပုယိုသီး အရည်ညှစ် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြင်ဆင်ခြင်း

ဆန်လက်တစ်စုပ်စာကို ရေနဲ့စိမ်ပြီး ညလုံးပေါက်ထားထားပါ။

ပြီးရင် မနက်ခင်းမှာ ရေကိုဆစ်လိုက်ပြီး အဲဒီအရည်ထဲမှာ သံပုယိုသီး (သို့) သံပုရာသီးအရည်ကို ထည့်ပါ။ ပြီးရင် သေချာမွှေပါ။ အဲဒီနောက် ရေခဲသေတ္တာထဲ ၁ နာရီလော်ကထည့်ထားပါ။

ပြီးရင်ခွက်အသန့်တစ်လုံးထဲမှာ ထည့်ပေးပါ။ အဲဒါကို တိုနာအနေနဲ့ အသုံးပြုပါ။ တစ်ပတ် ၁၀ ရက်လောက်ဆို သိသာလာပါလိမ့်မယ်။

ဝါဂွမ်းစကို ဆန်ဆေးရည်ထဲ နှစ်လိုက်ပြီး မျက်နှာပေါ်မှာ ပွတ်ပြီး သန့်စင်ပေးပါ။ အညစ်အကြေးတွေ ကင်းစင်ပြီး အသားအရေ စိုပြေလာမှာဖြစ်ပါတယ်။