Shampoo ထဲ ပါဝင်တဲ့ ဓာတုပစ္စည်း တွေက ကိုယ့် ဆံပင်ကို ထိခိုက်နိုင်ပါတယ်။ ဆံပင်ဆိုးတဲ့အချိန်မှာလည်း ဆံပင်ကျွတ်လွယ်စေပါတယ်။ ဆံပင် ကျွတ်တာက တော်တော် စိတ်ရှုပ်ဖို့ကောင်းတဲ့ အရာပါ။ ဆံပင် ပါးလွန်းတာကလည်း ကျန်းမာတဲ့ ဆံသား ပုံစံ မရဖို့ တံတိုင်းကြီး တစ်ခုလိုပါပဲ။ ဒီတစ်ခေါက်မှာတော့ ဆံပင်ပါးပြီး ခဏခဏ ဆံပင်ကျွတ်တတ်သူတွေ အတွက် ကြက်သွန်နီကို သုံးပြီး ထိန်းသိမ်းနည်းကို ဖော်ပြပါရစေ။

ဆံပင်အတွက် ကြက်သွန်နီရဲ့ ကောင်းကျိုးများ

ကြက်သွန်နီက ဆံသားကို ခိုင်မာစေပြီး အားဖြည့်ပေးပါတယ်။ ဆံပင်အရှည်မြန်စေပြီး ဆံပင်ကျွတ် သက်သာစေပါတယ်။

ပြုလုပ်ပုံ

ကြက်သွန်နီ တစ်ဥယူပြီး လှီးပေးရပါမယ်။

Photo Source: Healthline

လှီးပြီးနောက် ကျိတ်စက်ထဲ ရေထည့်ပြီး ကျိတ်ပေးရပါမယ်။

Photo Source: Dropbasket

ရလာတဲ့ ကျိတ်ပြီးသား ကြက်သွန်နီကို ဇယားနဲ့ စစ်ချပြီး အရေရအောင် စစ်ချယူရပါမယ်။

အသုံးပြုပုံ

  • ရလာတဲ့ ကြက်သွန်နီ အရည်ထဲကို ဝါဂွမ်း နှစ်ပေးရပါမယ်။
  • ပြီးနောက် ဒီဝါဂွမ်းနဲ့ ဦးရေပြားကို လိမ်းပေးရပါမယ်။
  • ဦးရေပြားနဲ့ ဆံသားတစ်ခုလုံး ကြက်သွန်နီ အရည် လိမ်းပေးရပါမယ်။
  • လိမ်းပြီးနောက် မိနစ် ၃၀ ထားပေးရပါမယ်။

မိနစ် ၃၀ ထားပြီးနောက် ပုံမှန် အတိုင်း ခေါင်းလျှော်နိုင်ပါပြီ။

By MyStyle Myanmar