အုန်းဆီဆိုတာ ဆံသားအတွက်ကောင်းကျိုးတွေကို အများကြီးပေးနိုင်တဲ့ သဘာဝပစ္စည်းလို့ဆိုလို့ရပါတယ်။ ကောင်းကျိုးတွေရှိနေတယ်ဆိုပေမယ့်လည်း ဘယ်လိုနေရာမျိုးတွေမှာ ဘယ်လိုနည်းလမ်းတွေသုံးပြီးတော့ ဆံသားကိုကူညီလို့ရမယ်ဆိုတာမျိုးက သေချာမသိနေတာတွေကြောင့် အသုံးဝင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဆံပင်ကျွတ်တာတွေကို ဖြေရှင်းဖို့

ဆံပင်တွေကျွတ်လို့ စိတ်တွေညစ်နေရပြီဆိုရင်လည်း အုန်းဆီကိုသတိလေးရလိုက်ရုံပါပဲ။ ခက်ခဲတဲ့နည်းလမ်းမဟုတ်တာကို ပြောပြရမယ်ဆိုရင်တော့ ခေါင်းကိုသေချာသန့်စင်အောင်လေ ျှာ်ပေးပြီး ခြောက်သွားအောင်လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ နည်းနည်းလောက်နွေးအောင်လုပ်ထားတဲ့ အုန်းဆီကိုဦးရေပြားတွေကို လိမ်းထားပေါ်ပြီး ခဏလောက်နှိပ်နယ်ပေးလိုက်ပါ။

ဒီလိုမျိုးလိမ်းထားပေးပြီး ၃ နာရီလောက်ကြာပြီးမှ ခေါင်းလေ ျှာ်ပေးမယ်ဆိုရင်တော့ ဆံပင်ကျွတ်တာတွေကို သက်သာလာစေမှာပဲဖြစ်ပါတယ်။ ဆံသားခြောက်သွေ့တဲ့သူတွေဆိုရင်တော့ တစ်ပတ်ကိုနှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးလို့ရပါတယ်နော်။

ဗောက်ပြဿနာတွေကို ဖြေရှင်းဖို့

ဆံသားမှာဗောက်တွေထပြီး အမြဲတမ်းကုတ်ဖဲ့နေရတာတွေကလည်း တော်တော်လေးကိုအဆင်မပြေတဲ့ ကိစ္စလို့ဆိုလို့ရတာပေါ့။ ဒီလိုမျိုး ပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုရင် အုန်းဆီကိုအသုံးပြုလို့ရပါတယ်နော်။ အုန်းဆီကို ရှောက်သီးအရည်နဲ့ရောပြီးတော့ ဦးရေပြားမှာလိမ်းပြီး နှိပ်နယ်ပေးဖို့လိုပါတယ်။

မိနစ် ၂၀ လောက်ကြာအောင်ထားပြီးမှ ခေါင်းသေချာလေ ျှာ်ပေးလိုက်မယ်ဆိုရင်တော့ ဗောက်တွေကိုအချိန်တိုအတွင်း လျော့နည်းသွားဖို့ ကူညီပေးနိုင်တာပေါ့။

တောက်ပြောင်တဲ့ဆံသားတွေအတွက်

ဆံသားတွေကိုတောက်ပြောင်ပြီး လှပနေစေချင်တယ်ဆိုရင်တော့ ခေါင်းလေ ျှာ်မယ့်နေ့တွေမှာ ကြိုတင်ပြင်ဆင်ထားဖို့တော့လိုပါပြီ။ ခေါင်းမလေ ျှာ်ခင်ညဘက်မှာထဲက ဆံသားအရင်းကနေ အဖျားထိကို အုန်းဆီတွေသေချာနှံ့စပ်အောင်လိမ်းထားပေးပြီး တစ်ညလုံးအိပ်နေလိုက်ပါ။ မနက်ရောက်တော့မှာ ဆံပင်ကိုသေချာသန့်စင်အောင် လေ ျှာ်ပေးပြီးထိန်းသိမ်းမယ်ဆိုရင်လည်း တောင်ပြောင်တဲ့ဆံသားလေးတွေကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။