လူတစ်ယောက်ကို ချစ်မိတဲ့အခါ ဘာကိုမှအပြစ်မမြင်ဘဲ အရာရာတိုင်းကို မျက်စိမှိတ်ပြီး ရှေ့ဆက်တိုးတတ်ကြပါတယ်။ Relationshipsဆိုတာ တကယ်တော့ ရွေ့လျားနေတတ်ပါတယ်။ လက်ထပ်တယ်ဆိုတာ ဘဝတစ်ခုထူထောင်ဖို့အတွက် နှစ်ယောက်အတူတူ ခရီးစတာပါ။

ဒါပေမယ့် လက်ထပ်ပြီးရင်ကော ဒီလိုဘဲ အမြဲပျော်ရွှင်နေကြသလား။ ခက်ခဲတဲ့အချိန်တွေမှာ လဲကျဖူးကြလား။ တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့ပြီး ဒေါသထွက်ဖူးသလား။ မသာယာတဲ့အိမ်ထောင်ရေးကို ကယ်တင်ဖို့ စိတ်ပူခဲ့ရတာတွေ ရှိဖူးသလား။ ပြိုကွဲတော့တဲ့ အိမ်ထောင်ရေးကို ဘယ်လိုပြင်ရမလဲလို့ တွေးနေတာလား?

ဒါဆိုရင်တော့ နှစ်ယောက်စလုံး ကွာရှင်းပြတ်စဲခြင်းကနေ ကာကွယ်ပေးနိုင်ဖို့အိမ်ထောင်ရေးအကြံပြုချက်အချို့ကို ဖော်ပြလိုက်ပါတယ်….

တိုင်ပင်ဆွေးနွေးပါ

တစ်ယောက်နဲ့တစ်ယောက် နာကြည်းမှုတွေ ပေါ်ပေါက်လာတဲ့အခါ  တိုင်ပင်ဆွေးနွေးပါ။ အဲဒီ အဆိုးမြင်စိတ်တွေနဲ့ အပြုအမူတွေ အမြစ်တွယ်လာဖို့ စောင့်မနေပါနဲ့။ တစ်ယောက်က်ိုတစ်ယောက် စာနာနားလည်ပေးတာက နာကြည်းမှုတွေကို ပြေပျောက်စေဖို့ လွယ်ကူစေမှာပါ။

နားလည်ဖို့ကြိုးစားပါ

ဒါပေမယ့် လူတွေက သူတို့ရဲ့ အိမ်ထောင်ဖက်တွေအပေါ်မှာ  ဘယ်လိုနားထောင်ရမယ်ဆိုတာ မသိတတ်ကြပါဘူး။ လူတိုင်းမှာ စိတ်တိုစရာတွေ၊ ကြောက်ရွံ့မှုတွေနဲ့ နာကျင်စရာ အမှတ်တရတွေ ရှိကြပါတယ်။ ဒါကြောင့် လက်တွဲဖော်ရဲ့ဖေးမမှုကို လိုအပ်တတ်ကြပါတယ်။

ဦးစားပေးပါ

သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို ထိန်းသိမ်းထားဖို့က အလုပ်ပဲလေ။ ဒါကြောင့် အိမ်ထောင်ရေးကို အကောင်အထည်ဖော်ဖို့ သန္နိဋ္ဌာန်ချထားတယ်ဆိုရင်တော့ သီးသန့်အချိန်နဲ့ ခွန်အားတွေကို အသုံးချဖို့ လိုပါလိမ့်မယ်။

အတွေးကိုပြောင်းပါ

ကွာရှင်းဖို့တွေးနေမိတယ်ဆိုရင် အတွေးတွေကို အစားထိုးလိုက်ပါ။ ဆိုလိုတာက အတွေးတွေကို ပထမဆုံးလက်ထပ်ခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်လည်တွေးပါ။ အဲဒါတွေကို ထပ်ခါထပ်ခါ ထပ်ခါထပ်ခါ တွေးနေပါ။