လုပ်ငန်းခွင်မှာ လူမှုပတ်ဝန်းကျင်မှာ အောင်မြင်နေတဲ့သူတွေရှိပါတယ်။ အခုလို အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ရှောင်ရမယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အလုပ်တစ်ခုကို မပြီးဘဲ ထားခဲ့ခြင်း။

လုပ်ငန်းတစ်ခု နယ်ပယ်တစ်ခုမှာ အောင်မြင်ချင်ရင် ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုကို မပြီးဘဲ ထားခဲ့တာမျိုးမလုပ်ပါနဲ့။

၂။ တိုးတက်လာတဲ့ နည်းပညာတစ်ခုအောက်မှာ အာရုံထွေပြားသွားတာမျိုးမလုပ်ပါနဲ့။

ဖုန်းတွေ TV တွေပေါ်မှာ အာရုံများပြီး အလုပ်ကို အာရုံမစိုက်တာမျိုးမလုပ်ပါနဲ့။ ကိုယ်အလုပ်လုပ်နေတဲ့အချိန်မှာ ဖုန်ကို silent လ ုပ်ထားပါ။ Tv ပိတ်ထားပါ။

၃။ နားမထောင်ခြင်း

ကိုယ့်အထက်အရာရှိကပြောတဲ့စကား ကိုယ့်လုပ်ဖော်ကိုင်ဖက် လက်အောက်ငယ်သားကပြောတဲ့စကားတွေကို နားမထောင်တာမျိုး မလုပ်ပါနဲ့။ လူတိုင်းရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်သင့်ပါတယ်။

၄။ အလုပ်အလွန်အကျွံလုပ်ခြင်း

အောင်မြင်တဲ့သူတွေဟာ အလုပ်ကြိုးစားကြပါတယ်။ ဘယ်အချိန်မှာလုပ်ရမယ် ဘယ်အချိန်မှာ နားရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ အလုပ်ကို နားချိန်မပေးဘဲ အလွန်အကျွံမလုပ်ပါနဲ့။

၅။ အာရုံစိုက်မှု အားနည်းခြင်း။

အာရုံစိုက်မှုအားနည်းတာဟာ သင့်ဘဝအောင်မြင်မှုအတွက် လုံးဝမကောင်းပါဘူး။

၆။ နောက်ကျခြင်း။

တခါတလေ ငါ့မှာအချိန်မရှိဘူးဆိုပြီး တွေးတတ်ကြပါတယ်။ ဒါဟာ သူတို့အချိန်ဖြုန်းလို့ပါ။ နောက်ကျမှ အလုပ်သွားတာ၊ ပရမ်းပတာနိုင်လွန်တာတွေဟာ သင့်လုပ်ငန်းအတွက် ထိခိုက်စေပါတယ်။

၇။ စနစ်တကျမလုပ်ခြင်း

အလုပ်လုပ်ရင်ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ပဲဖြစ်ဖြစ် စည်းကမ်းစနစ်တကျ လုပ်ဆောင်တာဟာ သင့်ဘဝကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ အောင်မြင်တဲ့သူတိုင်း စည်းစနစ်ကျကြပါတယ်။

၈။ အရာအားလုံးကို ကိုယ်သိတယ်လို့ ယူဆခြင်း။

အောင်မြင်နေတဲ့သူတွေအောင် ပြည့်စုံတယ်ဆိုတာမရှိပါဘူး။ လူတိုင်းသင်ယူနေရတာပါပဲ။ အောင်မြင်နေတဲ့သူတွေဟာ သူတို့ပန်းတိုင်ရောက်ပြီဆိုရင်တောင် လေ့လာသင်ယူမှုကို ဘယ်တော့မှ ရပ်မပစ်လိုက်ကြပါဘူး။

၉။ အစည်းအဝေးမှာ အချိန်ဖြုန်းခြင်း။

အစည်းအဝေးတစ်ခုမှာ ကိုယ်ဘာလုပ်ရမယ် ဘာပြောရမယ်ဆိုတာကို ကြိုတင်ပြင်ဆင်လာရပါတယ်။ ရေပေါ်စီအစည်းအဝေးမျိုး အချက်အလက်ကျကျ ဆွေးနွေးခြင်းမရှိတဲ့ အစည်းအဝေးမျိုးတွေဟာ အချိန်ဖြုန်းရာကျပြီး သင့်ဘဝတက်လမ်းအတွက် အတားဆီးဖြစ်စေပါတယ်။

၁၀။ မလိုအပ်ဘဲ ကြားဖြတ်ပြောခြင်း။

မလိုအပ်ဘဲ ကြားဖြတ်ပြောတာ လူတစ်ယောက်ကို စကားပြောနှောင့်ယှက်တာတွေက သူ့ရဲ့ အချိန်တွေကိုလည်း ဖြုန်းရာကျပါတယ်။