ကိုယ့်အတွက် အမြဲကောင်းပေးပြီး တကယ့်စိတ်ရင်းမှန်နဲ့ ဆက်ဆံပေးတဲ့ အပေါင်းအသင်းမျိုးကိုပဲ best friend အနေနဲ့ ပေါင်းသင့်ပါတယ်။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုမှ သွားခင်တွယ်မိရင်တော့ ကိုယ်ပဲစိတ်ညစ်ရမှာပါ။ ဒါကြောင့် သင့်ဘဝထဲကနေ unfriend လုပ်သင့်တဲ့ အပေါင်းအသင်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ယှဉ်ပြိုင်လိုစိတ်လွန်ကဲတဲ့သူ

ယှဉ်ပြိုင်လိုစိတ်လွန်ကဲတဲ့သူက ဘယ်လောက်ပဲခင်နေတဲ့ best friend ဖြစ်နေပါစေ သာချင်စိတ် အမြဲရှိပါတယ်။ သူ့ထက်သာသွားရင် မနာလိုဖြစ်ပြီး သူငယ်ချင်းဖြစ်တဲ့သင့်ကိုတောင် မနာစိတ်အပြည့်ရှိနေမယ့် သူမျိုးပါ။ ဒီလိုလူတွေဆီက စစ်မှန်တဲ့ခင်မင်မှုရနိုင်ခြေ နည်းပါတယ်။

မကောင်းတဲ့စိတ်အမြဲရှိတဲ့သူ

မကောင်းတဲ့စိတ်အမြဲရှိနေတဲ့သူကို ကိုယ့်ဘဝထဲကနေ unfriend လုပ်လိုက်တာ အကောင်းဆုံးပါပဲ။ သင့်အပေါ် စစ်မှန်တဲ့ခင်မင်မှုဆိုတာ မရှိပါဘူး။ မကောင်းတဲ့စိတ်အမြဲရှိနေတဲ့သူနားနေရင် ကိုယ်ပါစိတ်ညစ်ရတယ်၊ ပူလောင်ရပါတယ်။

စိတ်အပြောင်းအလဲမြန်တဲ့သူ

စိတ်အပြောင်းအလဲမြန်လွန်းတဲ့သူတွေက သူတို့စိတ်လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုးနဲ့ အမျိုးမျိုးပြောင်းလဲဆက်ဆံတတ်ပါတယ်။ သူတို့လိုတဲ့အချိန်ကျ လာပေါင်းပြီး မလိုတဲ့အချိန်ကျ ကန်ထုတ်တတ်တဲ့သူမျိုးတွေပါ။ ဒီလိုလူမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်သင့်ပါဘူး။

တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူ

တစ်ကိုယ်ကောင်းဆန်တဲ့သူတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် အရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူတွေကျတော့ အပေါင်းအသင်းမလုပ်တာပဲ ကောင်းပါတယ်။ ကိုယ့်အတွက်ပဲကိုယ်သိပြီး သူများအတွက် မစဉ်းစားပေးတဲ့သူတွေပါ။ ကိုယ်ကောင်းဖို့ဆိုရင်၊ ကိုယ်ဖြစ်ချင်တာဖြစ်ဖို့ဆိုရင် ဘယ်သူ့မျက်နှာမှမထောက်တဲ့သူမျိုးတွေပါ။

စည်းကျော်တဲ့သူ

သူငယ်ချင်းဆိုလည်း သူငယ်ချင်းစောင့်ထိန်းရမယ့် စည်းရှိပါတယ်။ ဒီလိုမဟုတ်ပဲ စည်းကျော်တဲ့သူတွေက best friend ဖြစ်ဖို့ မထိုက်တန်ပါဘူး။ ကိုယ့်ရည်းစားနဲ့ပတ်သက်ပြီး သူငယ်ချင်းစည်းမစောင့်တဲ့သူ၊ ကိုယ့်ဘဝ၊ ကိုယ့်အားနည်းချက်တွေနဲ့ပတ်သက်ပြီး စည်းမစောင့်ပဲ လျှောက်ပြောတဲ့သူ၊ အပုပ်ချတဲ့သူတွေကို ကိုယ့်ဘဝထဲကနေ ထုတ်ပစ်သင့်ပါတယ်။