တစ်နေ့လုံးလမ်းလျှောက်ရလို့ အိမ်ပြန်ရောက်တဲ့အခါ ခြေထောက်တွေနာလို့ ပင်ပန်းနွမ်းနယ်နေတာမျိုး ကြုံဖူးမှာပါ။ ဒီလိုမျိုးကြုံလာတဲ့အခါ ခြေထောက်ကကြွက်သားတွေ နာတာသက်သာအောင် နှိပ်ပေးကြည့်ပါ။ ဒီလို နှိပ်ပေးတာက သင်မထင်ထားလောက်အောင် အကျိုးရှိပါတယ်။

နေ့တိုင်း 10-20 မိနစ်လောက် ခြေထောက်နှိပ်ပေးတာက စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှုတွေကို သက်သာစေပါတယ်။

ကြွက်တက်တယ်ဆိုတာက ခြေထောက်ဆီ သွေးစီးတာနည်းပြီး ကြွက်သားတွေတင်းနေတာကြောင့် ဖြစ်တာပါ။ ခြေထောက်ကိုနှိပ်ပေးတာက သွေးလည်ပတ်မှုကောင်းပြီး ကြွက်သားတင်းတာကို သက်သာစေပါတယ်။

ပြင်းလွန်းတဲ့လေ့ကျင့်ခန်းတွေလုပ်မိရင်လည်း ကြွက်သားတွေနာပြီး တင်းနေတတ်ပါတယ်။ ဒါကို သက်သာစေဖို့ ခြေထောက်ကို မကြာမကြာနှိပ်ပေးပါ။

ညအိပ်ခါနီး ခြေထောက်ကိုနှိပ်ပေးရင်လည်း ခြေထောက်မှာရှိတဲ့ အာရုံကြောတွေကို လျော့စေပြီး ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျစေတာမလို့ ကောင်းကောင်းအိပ်ပျော်စေပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခြေဖဝါးနဲ့ ခြေချင်းဝတ်နေရာတွေမှာ ရောင်တာ ၊ ဖောတာ ၊ ကိုက်တာသက်သာဖို့ ခြေထောက်ကို နေ့တိုင်း နှိပ်ပေးပါ။

နေ့တိုင်း ခြေထောက်နှိပ်ပေးခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးက မိန်းကလေးတွေ ရာသီလာချိန်ကာလတွေမှာ ကိုယ်လက်ကိုက်ခဲတာ ၊ ခေါင်းတခြမ်းကိုက်တာမျိုးကို သက်သာစေတာပါ။

ခြေဖဝါးလေးတွေကို မကြာကြာနှိပ်ပေးရင်လည်း သွေးပေါင်ချိန်ကို ထိန်းထား ၊ လျှော့ချပေးနိုင်ပါသေးတယ်။

C