မိန်းကလေးတိုင်းသိထားသင့်တဲ့ အလှအပဆိုင်ရာ beauty hacks တွေ အများကြီးထဲကမှ အရမ်းအသုံးဝင်စေမယ့်အရာတွေကို ရွေးချယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ ခေါင်းအစခြေအဆုံး အသုံးဝင်စေမယ့် beauty hacks တွေလည်း ဖြစ်ပါတယ်။

ဆံပင်ကျွတ်သက်သာပြီး ဆံသားပိုမိုလှပစေဖို့ ခေါင်းလျှော်တဲ့အခါမှာ ကိုယ်သုံးမယ့် ခေါင်းလျှော်ရည်ထဲကို ဆား အနည်းငယ်ထည့်ပြီး လျှော်ပေးပါ။

မျက်ခုံးမွှေး၊ မျက်တောင်မွှေးတွေထူချင်ရင်တော့ mascara ဘူးအလွတ်ကို သေချာသန့်စင်ပြီး vitamin E တစ်ဝက်ရောက်အောင် ထည့်ပါ။ ကျန်တဲ့ဘူးတစ်ဝက်အတွက် ရှားစောင်းလက်ပတ်နဲ့ ကြက်ဆူဆီတို့ကို ဆတူရောထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်တော့ ညတိုင်း အဲ့တာကို မျက်ခုံး၊ မျက်တောင်မှာ သုံးပေးပါ။

မျက်ကွင်းညိုနေတာ သက်သာဖို့အတွက် ကော်ဖီမှုန့်အကြမ်းနဲ့ အုန်းဆီတို့ကို ဆတူရောမွှေပြီး မျက်လုံးအောက် မျက်ကွင်းညိုတဲ့နေရာမှာ လိမ်းထားလိုက်ပါ။ ၁၅ မိနစ်ထားပြီးရင်တော့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ ၃ ကြိမ် ပုံမှန်လုပ်ပေးရပါတယ်။

လက်သည်းတွေ strong ဖြစ်ပြီး လှပဖို့အတွက် ပျားရည်နဲ့ အုန်းဆီကို ဆတူရောပြီး lavender oil နှစ်စက်လောက် ထည့်မွှေလိုက်ပါ။ ပြီးရင်တော့ တစ်နေ့ ၂ ကြိမ် လက်သည်းကို လိမ်းထားပေးပါ။

နှာခေါင်းမှာရှိတဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပစ်ဖို့ဆိုရင်တော့ ရေနွေး – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး cotton pad နဲ့ယူကာ နှာခေါင်းမှာ ကပ်ထားပေးပါ။ ၁၅ မိနစ်ထားပြီး ဖယ်လိုက်တာနဲ့ ဆားဝက်ခြံတွေပါသွားမှာပါ။

ဂျိုင်းမဲလို့စိတ်ညစ်နေရင် အာလူးကိုခြစ်ပြီး အဝတ်ထဲထည့်၊ အရည်ရအောင်ညှစ်ကာ ရလာတဲ့အရည်ကို ဂျိုင်းမှာလိမ်းပြီး တစ်နာရီခွဲထားပါ။ အချိန်ပြည့်ရင် ရေနဲ့ပြန်သန့်စင်လိုက်ပါ။ ဂျိုင်းမဲနေတာကနေ ဖြေးဖြေးချင်းစီ ဖြူလာပါလိမ့်မယ်။

ခြေဖနောင့်တွေကြမ်းတမ်းပြီး ကွဲနေပြီဆိုရင် ဇလုံထဲကို ရေနွေး – ၂ ခွက်၊ မုန့်ဖုတ်ဆိုဒါ – ခွက်တစ်ဝက်စာနဲ့ ရှာလကာရည် – တစ်ခွက်ထည့်ပြီး မွှေပါ။ ပြီးရင်တော့ ခြေထောက်ထည့်စိမ်လိုက်ပါ။ မိနစ် ၂၀ လောက်စိမ်ပြီးရင် ရေပြန်ဆေးပြီး ခြေထောက်ကို အဝတ်နဲ့သုတ်ပါ။ Lotion (သို့) foot cream ပြန်လိမ်းထားပေးပါ။

သွားဖြူချင်ရင်တော့ စတော်ဘယ်ရီသီးကို ကြိတ်ချေပြီး မုန့်ဖုတ်ဆိုဒါနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။ ရလာတာကိုမှ သွားပွတ်တံနဲ့ယူပြီး သွားတိုက်ပေးပါ။ တစ်လမှာ ၂ ကြိမ် ပုံမှန်လုပ်ပေးရင် ရပါပြီ။

source:www.brightside.me